Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ICCရဲ့ ကြားနာမှု အစီအစဉ်ကို ဒူတာတေးကိုယ်တိုင် တက်ရောက်

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဒူတာတေးဟာ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICCရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံထားရတာ ဖြစ်ပါတယ်။

သူဟာ အစောပိုင်းတုန်းက ICC ကြားနာမှု တစ်ခုမှာ ဗီဒီယိုကနေတဆင့် ချိတ်ဆက် ပါဝင်ခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်း ကြားနာမှုတွေမှာတော့ ကိုယ်တိုင် မတက်ရောက်ခဲ့ပါဘူး။ သူ့ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒူတာတေးဟာ ကျန်းမာရေး အခြေအနေ မကောင်းလှဘူးလို့ ပြောပါတယ်။

အခုနောက်ဆုံး ကြားနာမှုမှာ ဒူတာတေးကိုယ်တိုင် မတက်ရောက်ခင် ရှေ့နေအဖွဲ့က သူတို့ရဲ့ အမှုသည်ဟာ မှတ်ဉာဏ်ဆုံးရှုံးမှုဒဏ်ကို အပြင်းအထန် ခံစားနေရကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် ဒူတာတေးဟာ သူ့ရဲ့ ရှေ့နေနာမည်ကိုတောင် မမှတ်မိဘဲ ဖြစ်နေသလို ကိုယ့်ကိုယ်ကိုယ် ၂၀၀၇၊ ၂၀၀၈ ခုနှစ်တွေမှာ နေထိုင်နေဆဲလို့ အထင်မှားနေကြောင်း၊ အဲဒါကြောင့် အမှုအတွက် ခုခံလျှောက်လဲဖို့ သူ့ဆီကနေ ဘာအကူအညီမှ မရနိုင်ဘဲ ဖြစ်နေကြောင်း သူ့ရှေ့နေတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ICCရဲ့ သတ်မှတ်ချက်တွေအရ စွပ်စွဲခံရသူ တစ်ဦးဟာ သူ့အပေါ် စွဲချက်တွေကို နားမလည်နိုင်ရင်၊ စွဲချက်တွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် ခုခံနိုင်စွမ်း မရှိဘူးဆိုရင် သူ့ကို တရားစွဲဆိုလို့ မရပါဘူး။

စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ အရင်ကထက် အတော်လေး အရွယ်ကျသွားဟန်ရှိပြီး မျက်ခုံးနဲ့ မုတ်ဆိတ်တွေ ဖြူနေတဲ့ ဒူတာတေးဟာ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့က တရားခွင်ကို ရောက်လာခဲ့ပါတယ်။ ရှပ်အင်္ကျီအဖြူနဲ့ အရောင်ရင့် ကုတ်အင်္ကျီကို လည်စည်းမပါဘဲ ဝတ်ထားတဲ့ သမ္မတဟောင်းဟာ တရားခွင် တလျှောက်လုံးမှာ အစိုးရ ရှေ့နေတွေ၊ ခုခံလျှောက်လဲတဲ့ ရှေ့နေတွေ၊ တရားသူကြီးအဖွဲ့ရဲ့ စကားတွေကို နားကြပ်ကနေ ဘာသာပြန်ပေးတာကို နားထောင်နေပေမယ့် ဘာမှ ဝင်မပြောခဲ့ပါဘူး။

အကြီးအမှူး တရားသူကြီး ဂျိုနာ ကော်နာက ဒူတာတေး တရားခွင် ရောက်လာတာကို အသိအမှတ် ပြုခဲ့ပြီး လိုအပ်ရင် သမ္မတဟောင်း အနေနဲ့ ခွင့်ပြုချက် တောင်းခံစရာ မလိုဘဲ တရားခွင်ကနေ ထွက်ခွာနိုင်ကြောင်း ကြိုတင် ခွင့်ပြုပေးထားပါတယ်။

ဒူတာတေးဟာ အရင်လို တက်ကြွပြီး စိတ်အားထက်သန်နေတဲ့ ပုံရိပ်မျိုး မရှိတော့ဘဲ အတော်လေး ပိန်ပြီး အရွယ်ကျသွားသလို တုန်တုန်ရီရီ ဖြစ်နေတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ပြီးတော့ နားကြပ်ကနေ နားထောင်နေပေမယ့် အပြန်အလှန် စွပ်စွဲချက်၊ ချေပချက်တွေနဲ့ ပတ်သက်လို့ ထူးခြားတဲ့ တုံ့ပြန်မှုမျိုး၊ စိတ်ဝင်စားမှုမျိုးရှိပုံ မပြခဲ့သလို ငေးငေးငိုင်ငိုင် ဖြစ်နေခဲ့ပါတယ်။

အခုကြားနာမှုဟာ သက်သေတွေ တင်သွင်းဖို့နဲ့ နိုဝင်ဘာ ၃၀ မှာ စတင်မယ့် တရားခွင် မတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒူတာတေးဟာ ICCရဲ့ ဖမ်းဝရမ်း အထုတ်ခံရတဲ့နောက် ၂၀၂၅ ခုနှစ်၊ မတ်လတုန်းက အဖမ်းခံရပြီး အဲဒီနှစ် စက်တင်ဘာလမှာပဲ ရုံးထုတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ကျန်းမာရေး ပြဿနာကြောင့် တရားခွင်ကို အချိန် အကန့်အသတ်နဲ့ ရွှေ့ဆိုင်းဖို့ကို တရားသူကြီးက ခွင့်ပြုပေးခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာနဲ့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ICCရဲ့ စည်းမျဉ်းတွေအရ တရားစွဲဆို ခံရပြီး ခုခံလျှောက်လဲမယ့်သူဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို...

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။