Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

အော်စကာဆုရ No Other Land မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူသေဆုံးမှုအတွက်အခြေချနေထိုင်သူတစ်ဦးကို အစ္စရေးက စွဲချက်တင်

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နောင်နောင် ရေးသားသည်။

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ဇူလိုင် ၂၈ ရက်ခန့် အွမ်အယ်လ်-ခိုင်းရ်) (Umm al-Khair)ရွာမှာအော်ဒေဟ် ဟာသာလင်းပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၅ ဇူလိုင်လကုန်ပိုင်းမှာ ယီနွန် လေဗီ ကို ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းအိမ်တွင်းအကျယ်ချုပ်နဲ့ထိန်းသိမ်းပြီးပြန်လွှတ်ခဲ့ပါတယ်။

အော်ဒေဟ်ဟာသာလင်းဟာ အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သလို၊ အော်စကာဆုရ No Other Land မှတ်တမ်းရုပ်ရှင်မှာပါဝင်ခဲ့သူဖြစ်ပါတယ်။သူဟာ ပါလက်စတိုင်းအသိုင်းအဝိုင်းက မြေယာနဲ့ နေအိမ်တွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းမှုတွေကို မှတ်တမ်းတင်ခဲ့သူပါ။

Public Service Announcement

Public Service Announcement

ယီနွန်လေဗီ ဟာ ပါလက်စတိုင်းတွေ အပေါ် အကြမ်းဖက်မှုကြောင့် ဗြိတိန်၊ EU၊ ကနေဒါနဲ့ ဩစတြေးလျတို့ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရသူဖြစ်ပါတယ်။အော်ဒေဟ် ဟာသာလင်း ကို ယီနွန်လေဗီ က လက်နက်ထုတ်ပြီး ပစ်ခတ်ခဲ့တဲ့ အဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်းလည်း ရှိတယ်လို့ သိရပါတယ်။ အော်ဒေဟ် ဟာသာလင်း ရဲ့ မိသားစုက ယီနွန် လေဗီ ကို လူသေမှုမဟုတ်ဘဲပထမအဆင့်လူသတ်မှု နဲ့ စွဲချက်တင်သင့်တယ်လို့ ပြောပါတယ်။

၂၀၂၆ ဖေဖော်ဝါရီ ၁၆ ရက်မှာအစ္စရေးရှေ့နေချုပ်ရုံးဘက်ကယီနွန်လေဗီ ကိုမဆင်မခြင်မှုကြောင့် လူသေဆုံးစေမှုနဲ့ စွဲချက်တင်ရန် ဆုံးဖြတ်ထားကြောင်း သတင်းထွက်ခဲ့ပါတယ်။၂၀၂၆ ဩဂုတ်၆ရက်မှာတော့တရားဝင် စွဲချက်တင်မှု ပြုလုပ်ခဲ့ပါတယ်။

ယီနွန်လေဗီ ကို စွဲချက်တင်လိုက်တာဟာ ရှားပါးတဲ့ အရေးယူမှုဖြစ်ပေမယ့်၊ အနောက်ဘက်ကမ်းမှာပါလက်စတိုင်းများအပေါ် ကြမ်းဖက်မှုတွေအတွက်အစ္စရေးကတာဝန်ခံမှုရှိလာပြီလို့အသေအချာဆိုနိုင်သေးတာမဟုတ်ကြောင်းလူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ထားပါတယ်။

“ဒီသတ်ဖြတ်မှုကိုအနောက်ဘက်ကမ်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေတစ်ရပ်ရဲ့ အစိတ်အပိုင်းအဖြစ် မြင်ဖို့ အရေးကြီးပါတယ်” လို့ အစ္စရေး လူ့အခွင့်အရေးနှင့် လှုံ့ဆော်ရေးအဖွဲ့ ယက်ရှ် ဒင် (Yesh Din) က အမှုဆောင်ဒါရိုက်တာ ဇစ်ဗ် စတားလ် (Ziv Stahl) က ပြောကြားခဲ့ပါတယ်။

“ဒီစွဲချက်တွေဟာ ဥပဒေကို ပိုမိုတင်းကျပ်ပြီး အကောင်အထည်ဖော်လာတာဒါမှမဟုတ် တာဝန်ခံမှုပိုမိုရှိလာလို့မထင်ပါဘူး။ပိုဖြစ်နိုင်တာကတော့ အော်ဒေဟ် ဟာသာလင်း ဟာ လူသိများတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဒီအမှုက မီဒီယာတွေရဲ့ အာရုံစိုက်မှုနဲ့ လူထုဝေဖန်မှု အများအပြားရရှိခဲ့လို့ ဖြစ်ပါတယ်။

ဒါဟာတကယ့်ဥပ‌ဒေအကောင်အထည်ဖော်မှုထက် ဥပဒေ အကောင်အထည်ဖော်နေသလို ပုံဖော်ပြသတာနဲ့သာ ပိုဆိုင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

အော်ဒေဟ် ဟာသာလင်း သေဆုံးမှုနောက်ပိုင်း ယီနွန်လေဗီ ဖမ်းဆီးခံခဲ့ရပေမယ့် မကြာခင် ပြန်လွတ်လာပြီး အနောက်ဘက်ကမ်းမှာ တရားမဝင် အခြေချစခန်းတွေ ဆက်လက်တည်ထောင်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ ဘတ်ဆယ်လမ် (B’tselem) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယာအီယာ ဒဗီရ် (Yair Dvir) ကဆိုပါတယ်။

ဘတ်ဆယ်လမ်ကတော့ ယီနွန်လေဗီ ကို စွဲချက်တင်တာဟာ ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုသာဖြစ်ပြီး၊ အစ္စရေးမှာ ပါလက်စတိုင်းတွေကို ထိခိုက်စေတဲ့စစ်သားနဲ့ အခြေချနေထိုင်သူတွေကို အများအားဖြင့်အရေးမယူဘဲ လွတ်မြောက်ခွင့် ပေးနေတဲ့ အခြေအနေဟာ စနစ်တကျ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။ “ဒါဟာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားပြီး ပိုမိုတိုးလာစေဖို့ ရည်ရွယ်ထားတဲ့ မူဝါဒရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

အဲဒီလို အရေးယူမှုနည်းပါးတာကြောင့် အစ္စရေးဝန်ကြီးချုပ်ဟောင်း အဲဟုဒ်အိုလ်မတ် (Ehud Olmert)ကလည်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက ဝင်ရောက် အရေးယူသင့်တယ်လို့ ပြောခဲ့ပါတယ်။

“ဒီအမှုဟာတရားရုံးမှာစစ်ဆေးမှုအဆင့်ကို ရောက်သွားခဲ့ရင်တောင်ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ပါလက်စတိုင်းတွေကို တိုက်ခိုက်တဲ့ အစ္စရေးလူမျိုးတွေအပေါ် အစ္စရေးတရားသူကြီးတွေက လျှော့‌ပေါ့ပြီး ဆက်ဆံခဲ့သည့် မှတ်တမ်း‌တွေ လည်း ရှိနေပါတယ်။

၂၀၁၈ ခုနှစ်က ကားမောင်းနေချိန် သေဆုံးခဲ့တဲ့အသက် ၄၇ နှစ်အရွယ် ကလေး ၈ ယောက်ရဲ့မိခင်အာအိရှာရာဘီ (Aisha Rabi)ဟာ ကျောက်တုံးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ဖြစ်ပွားပြီး ရှစ်နှစ်အကြာမှာ အစ္စရေးတရားရုံးတစ်ရုံးက သူမကို သေစေခဲ့တဲ့ ကျောက်တုံးကိုအခြေချနေထိုင်သူတစ်ဦးကပစ်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့်တရားသူကြီး‌တွေက ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ချက် ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်မှု မပြုလုပ်ခဲ့ဘဲ၊ အမှုကို ပြန်လည်သုံးသပ်ရန်သာ အမိန့်ပေးခဲ့ပါတယ်။ တိုက်ခိုက်တဲ့သူက အသက် ၁၆ နှစ်ပဲရှိသေး‌တဲ့အတွက်ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ အမည်ကစပြီး အသေးစိတ် အချက်အလက်များကို ထပ်မံ ထုတ်ပြန်ခြင်း မရှိခဲ့ပါ။

၂၀၁၉ ခုနှစ် ယာဉ်မတော်တဆမှု ဖြစ်ပွားတဲ့နေရာမှာ ဒဏ်ရာရသူတွေကို ကူညီဖို့ရပ်တန့်ခဲ့တဲ့အသက် ၂၃ နှစ်အရွယ် အာမဒ်မနာဆရာ (Ahmad Manasrah) သေဆုံးခဲ့ရပါတယ်။ သူ့ကို ပစ်သတ်ခဲ့တဲ့ အစ္စရေးစစ်သားကို ပေါ့ဆမှုကြောင့် လူသေဆုံးစေမှု နဲ့ အလားတူ ပြစ်မှုတစ်ရပ်ကိုသာဝန်ခံခဲ့ပြီး၊အဲဒီသတ်ဖြတ်မှုအတွက် လူမှုဝန်ဆောင်မှုလုပ်ငန်း သုံးလ ပြုလုပ်ရန်သာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ အဲဒီစစ်သား၏ အမည်ကိုလည်း လူသိရှင်ကြား ထုတ်ဖော်ခြင်း မရှိခဲ့ပါ။

အော်ဒေဟ် ဟာသာလင်း ရဲ့ မိသားစုက ယီနွန် လေဗီ ကို အပြည့်အဝ တရားရုံးစစ်ဆေးမှုကိုရင်ဆိုင်ရတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။

ကိုးကား-The Guardian

(အသတ်ခံခဲ့ရတဲ့ ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်းရဲ့ ဓါတ်ပုံနဲ့ နာ​ရေးပြုလုပ်​နေစဥ် / ကျူးလွန်ခဲ့တဲ့ယီနွန်လေဗီ ။ဓါတ်ပုံ-The Guardian)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။