Connect with us

Hi, what are you looking for?

ကဗျာ

“အရာအားလုံးနောက်ကျသွားပြီ” 

◼️ဂနိုက်

ကျန်ရစ်ခဲ့ပြီ

သူ့မိသားစုလေး သူ့အိမ်အိုလေး

ထားသွားခဲ့ပြီ

Public Service Announcement

Public Service Announcement

သူ့သမီးငယ်လေးကိုရော ချစ်ဇနီးသည်လေးကိုရော

ချန်ထားခဲ့ပြီ

သူယုံကြည်တဲ့တော်လှန်ရေးနဲ့သူမြင်ချင်တဲ့လွတ်လပ်ရေးကို

နောက်ဆုံး အလေးပြုချိန်

စစ်ရေးပြရဲဘော်တွေအားလုံးကလဲမျက်ရည်တွေ၀ိုင်း

လက်သီးဆုပ်တဖက်ကကျစ်လို့မာလို့

နောက်တဖက်က လက်၀ါးဖြန့်မျက်ခုံးနားကပ် တုန်လို့ခါလို့

“နေမြဲ”

လက်တွေရုတ်ကနဲ

သူ့ဇနီးသည်လေး အရုပ်ကျိုးပျက်လဲကျ

သူ့သမီးငယ်လေးက မျက်ရည်မကျပဲ ရှိုက်ကြီးတငင်နဲ့

“ဖေဖေ့ကို နှိုးပေးပါ ဖေဖေ့ကို နှိုးပေးပါ”တဲ့

သူထွက်သွားပြီ

ရုတ်ချည်း လေတွေတိုက် မိုးတွေရွာ

တိမ်တစကိုခိုစီးပြီး မင်းအ​ေ၀းကြီးကိုထွက်သွားတာ

မင်းမိသားစုလေး မင်းရဲ့အသိုက်အမြုံလေး

မင်းတော်လှန်ရေး မင်းရဲ့ယုံကြည်ချက်

“အမိန့် ရဲဘော် သင်သွားလိုရာသို့သွားနိုင်ပြီ

ကောင်းရာသုဂတိလားပါစေ”

ရေစီးသံတွေ လေတိုးသံတွေ ပြေးလွှားသံတွေ သေနတ်သံတွေ

ဒါတွေမင်းမကြားရတော့ဘူးမင်းထွက်သွားတော့။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဂနိုက်’

ရေးဖွဲ့ခဲ့တဲ့ ““အရာအားလုံးနောက်ကျသွားပြီ”

ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...