ရာကျော်
ခက်ခဲမှာပဲ သိတယ်
ဒါပေမယ့်
မဖြစ်ဘူးလေ။

Public Service Announcement
ဗုံးကြဲခံရတဲ့ စာသင်ကျာင်းက
ကလေးတွေအသားစ
ကျနော့် ငယ်ထိပ်ပေါ်လာစင်တယ်
အဲ့တာနဲ့ကျနော်လဲ နံရိုး တွေချိုး
ကျည်ကဒ်ထဲ တချောက်ချောက်ရိုက်သွင်း
တချက်ချင်း ပစ်နေမိတော့တာ။
ဖွင့်မရတဲ့ တံခါးတွေလိုပါပဲ
အလင်းရောင်ရှိမလား
အသက်ရင်းပြီးဆွဲဖွင့်လိုက်ပေမယ့်
အော်ဆဲနေရတဲ့ ငရဲတွေပါပဲ။
အမေ့ကိုလည်းလွမ်းတယ်
လူးလှိမ့်နေကျ
အိပ်ယာတခုကိုလည်းလွမ်းတယ်
အဖေကတော့ အံကြိတ်ပြီး
မုန်းချင်ယောင်ဆောင်နေဦးမှာပါပဲ
မပြောလည်းသိတဲ့ အနွေးထည် တွေအတွက်
ကျေးဇူးတင်ပါတယ် အဖေနဲ့ အမေ။
ဘယ်တော့မှ အမျှမဝေပါနဲ့ အဖေ
မနက်ဖြန် ရှေ့တန်းထွက်မယ်
ရန်သူ့ ကျည်ဆံကြားမှာ ရယ်မောမယ်
ကျတော် နောက်မဆုတ်ခဲ့ပါဘူး
ကျတော် နောင်တမရခဲ့ပါဘူး အဖေ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘ရာကျော်’ ရေးဖွဲ့တဲ့ “အိမ်အလွမ်း” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































