Connect with us

Hi, what are you looking for?

ကဗျာ

“မီးတောက်မီးလျှံကြားက ဂျန်ဇီဖီးနစ်ငှက်များ”

ပြည်တွင်းစစ်

ဒုက္ခသစ်ပင်ကြီးအောက်

အမှိုက်ပုံတွေကြားမှာ

ကျနော်တို့ …

အိမ်ထောင်စုဇယားတွေရှိတယ်။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'စိုးမြင့်​မောင်'ရေးဖွဲ့တဲ့ “​​မီးတောက်မီးလျှံကြားက ဂျန်ဇီဖီးနစ်ငှက်များ"ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️စိုးမြင့်မောင်

ပြည်တွင်းစစ်

ဒုက္ခသစ်ပင်ကြီးအောက်

အမှိုက်ပုံတွေကြားမှာ

Public Service Announcement

Public Service Announcement

ကျနော်တို့ …

အိမ်ထောင်စုဇယားတွေရှိတယ်။

ဘဝတွေက မှန်ကွဲစတွေလို

အစိပ်စိပ်အမွှာမွှာ

ဒုက္ခတွေဝေနေလိုက်ပုံက

ပင်လယ်သမုဒ္ဒရာ တောင်ပေါ်မြေပြန့်

အင်ပါယာဖြန့်ကျက်ပြီး

စစ်မီးတွေကူးစက်လောင်ကျွမ်းလို့။

လူမှုဘဝတွေကို ခံစားရေးဖွဲ့ပါဆိုရင်

ဒုက္ခမှတပါး အခြားမရှိ

တကြောင်းထဲနဲ့ ပြီးဆုံးသွားမယ့်

ဘဝသရုပ်

စစ်အတွင်း အတိုဆုံး ဝတ္ထုတိုတပုဒ်ပါပဲ။

ပြည်တွင်းစစ်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ

ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့

ရေတိမ်နစ်နေတဲ့ အနာဂတ်ဘဝတွေက

အဓိကစပွန်ဆာကျပါတယ်။

ဗုံးမိုးရွာပြီး ကျည်မိုးတွေစွေတဲ့

မီးလောင်မြေရဲ့ သုံးရာသီမှာ

ရုက္ခတောတွေက

ခြောက်သွေ့ပြာကျပီး

ဒုက္ခတောတွေက

အပြိုင်းအရိုင်းသန်မာထွားကျိုင်းလို့

စစ်ဘေးဒုက္ခသည်တွေရဲ့

အိုးမဲ့အိမ်မဲ့ငိုကြွေးသံ

ကမ္ဘာကြီးရဲ့နံရံမှာ နားရှိပါရဲ့လား

စစ်ရာဇဝတ်မှုမြောက်တဲ့

လုယက်ဖျက်ဆီး မုဒိန်းလူသတ်

စိုးရိမ်ရေမှတ်တွေကို စိုးရိမ်ပါရဲ့လား၊

ကမ္ဘာကြီး .. .ခင်ဗျား

အင်းမလုပ် … အဲမလုပ်နဲ့

နှာစေးနေတာ နှစ်ပေါင်းခုနစ်ဆယ်ကျော်

ကျနော်တို့ ဘာများမျှော်လင့်လို့ရခဲ့ပါသလဲ

နောက်ထပ် … နောက်ထပ်

စစ်အာဏာရှင်သက်ဆိုးရှည်မယ့်

ပရောဂျက်မှာ

ကျနော်တို့ အသက်တွေက ငြမ်းလား

ဘဝတွေက စစ်ဖိနပ်အောက်

အလျားမှောက်ရမှာလား၊

တော်ကီတွေက စစ်ကိုမရပ်စဲနိုင်ဘူး

လော်ဘီတွေက စစ်ကိုမငြိမ်းချမ်းနိုင်ဘူး၊

ဒါပေမယ့် … ကမ္ဘာကြီး ရေ

ဒီနိုင်ငံရဲ့ နွေဦးတေးသံကို

ကျနော်တို့ သံပြိုင်သီဆိုခဲ့ပါတယ်။

ကျနော်တို့ က …

ရှင်သန်ထမြောက်ခြင်းကို

အလိုရမ္မက်ကြီးတဲ့

နောက်ဆုံးမျိုးဆက်

ဂျန်ဇီဖီးနစ်ငှက်တွေလေ၊

မီးတောက်မီးလျှံတွေကြားမှာ

ပျံသန်းရင်းနဲ့

ဒီမြေပေါ်မှာ အမှန်တရားဓမ္မကို

မျိုးစေ့ချခဲ့မှာပါ။

ဒီမြေရဲ့မိုင်းကွင်းတွေကို

ထွန်ယက်စိုက်ပျိုးကြမယ်၊

ဒီရေရဲ့သွေးညှီနံ့ကို

ရပ်တန့်ပစ်ကြမယ်၊

ဒီလူတွေရဲ့ဒုက္ခအဟာရ

ဝေမျှပြီးစားကြမယ်၊

ဒီမြေ … ဒီရေ … ဒီလူတွေအတွက်

ကျနော်တို့အသက်တွေ

ပေးဆပ်ထားကြတယ်။

နွေဦးတော်လှန်ရေးမှာ …

အမေ့အိမ်တံခါးပေါက်

သားတို့ပြန်မရောက်ရင်လဲရှိပါစေတော့၊

စစ်အာဏာရှင်စနစ် အမြစ်မပြတ်ရင်

လူဖြစ်ကျိုးမနပ်ဘူးအမေရဲ့၊

လည်ပင်းနစ်နေတဲ့သွေးကြွေး

ဆွေးနွေးလို့ရမတဲ့လား၊

ကျနော်တို့ရဲ့ခုခံတွန်းလှန်စစ်မှာ

သရေနဲ့အရှုံးဆိုပီး

မြန်မာ့စစ်သမိုင်းမရိုင်းစေရဘူး၊

အရေးတော်ပုံအောင်ရမည် …

အရေးတော်ပုံအောင်ကိုအောင်ရမည် …

အရေးတော်ပုံအောင်နေပါပြီ …။ ။

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။