Connect with us

Hi, what are you looking for?

ကဗျာ

လူငယ်တေး

လရောင်လွှမ်း

လူငယ်ဆိုတာ

ဘယ်​တော့မှ လက်မမြှောက်ဘူး

ဆယ်ခါ​ပြန် သေချင်သေ

ဘဝက သွေးသံရဲရဲဖြစ်နေစေဦးတော့

■ လရောင်လွှမ်း

လူငယ်ဆိုတာ

ဘယ်​တော့မှ လက်မမြှောက်ဘူး

ဆယ်ခါ​ပြန် သေချင်သေ

Public Service Announcement

Public Service Announcement

ဘဝက သွေးသံရဲရဲဖြစ်နေစေဦးတော့

လက်ရုံးဆန့်တန်း

ချီတက်​နေမယ့်သူတွေ ဖြစ်တယ်

သူတို့ယုံကြည်ချက်က

သူတို့သံချပ်ကာ ကားပဲ

ဘယ်ဘာသာတရားကိုမှ မစွဲလန်းဘူး

ဘယ်ဘုရားဆီမှာမှ ဆုမတောင်းဘူး

အမှန်တရားကိုပဲ

ကိုးကွယ်တတ်တာ လူငယ်

ဆီပူပူဒယ်အိုးထဲ ရောက်တာတောင်

ကူးခတ်နေမယ့် ငါး

စက်နဲ့ အကြိတ်ခံရချိန်ထိ

အချိုဓာတ်ကိုမစွန့်တဲ့ ကြံချောင်း

သူ့ခန္ဓာကိုယ် တံစို့ထိုးမီးကင်ခံရတဲ့တိုင်

သူ့ အမွေးအတောင်

လေထဲထပျံနေမယ့်ငှက်

လူငယ်ဆိုတာ အဲ့ဒီလို

ဒူးထောက်ပြီး မရှင်သန်​

​ခေါင်းမော့ ရင်ကော့ရင်း

အသေခံဖို့ အသင့်ရှိတဲ့လူငယ်တွေ

သူတို့ကျဆုံးတဲ့အခါ

သူတို့အရိုးက

ဘယ်လိုဖျက်ဖျက် မပျက်စီးတဲ့ကျောက်စာပဲ

ဆံပင် မဖြူခင်

သွေး အရင်ဖြူတဲ့ သူတွေထဲ

ခေတ်အဆက်ဆက်လူငယ်တွေ

ဘယ်​တုန်းကမှ မပါခဲ့ဘူး

လူငယ်တွေက

သေးစီးကြောင်းနဲ့မြစ်ချောင်း

ခွဲခြားသိတယ်

ဆိတ်ချေးတုံးနဲ့ပုတီးလုံး

ရွေးတတ်တာ လူငယ်

အဓမ်မတရားကို မခစားဘူး

တိုင်းပြည်ကို မညာဝါးဘူး

သူတို့အတွေးအခေါ်ကို

ဘယ်ဆေးမှ အထိုးမခံသလို

သူတို့ရင်ထဲ

ဘာအဆိပ်မှ ခတ်လို့မရဘူး

ဘယ်သမိုင်းခေတ်မှာမဆို

ကျည်ကွယ်ရာ မနေ

တိုက်ပွဲအလယ်မှာရှိနေတာ လူငယ်

လက်ဖျံရိုး အလံတိုင်လုပ်

အရေပြားကို အလံချုပ်

သွေးနဲ့ အနီ​​ရောင်သုတ်ပြီး

လွှင့်ထူထားတဲ့ လူငယ်တွေ

လူ လဲကျရင်ကျမယ်

သူတို့အလံ

ဘယ်တော့မှ မြေမခစေရဘူးဆိုတာယုံ။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘​လရောင်လွှမ်း” ရဲ့ “​လူငယ်​တေး”ကဗျာကို

People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။