ဖိုးခါ (လူထု)
WHO OWNS THE STREETS?
လမ်းမတွေကို ဘယ်သူပိုင်ပါသတဲ့လဲ။
ကိုယ့်အခွင့်အရေးအတွက် ကိုယ်
ကိုယ့်ပါးစပ်ကိုယ် ပိတ်နေကြတာလည်း
မတရားဥပဒေအရ ‘အပြစ်’ ဖြစ်ပါသတဲ့။
စိုးနိုင် နဲ့ ဘလိတ်။

Public Service Announcement
Mute လုပ်ခံထားရတဲ့ တပြည်လုံးရဲ့ အသံကို
မြင်ချင်သူတွေကော မကြားချင်ယောင်ဆောင်သူတွေပါ
မျက်စိနဲ့ကြားရအောင်လို့
လမ်းမတွေရဲ့ အသက်မဲ့နေပုံနဲ့
မပြီးဆုံးသေးတဲ့တိုက်ပွဲအတွက်
သူ့အလုပ်သူလုပ်နေကြတဲ့
လမ်းမထက်ကဝိညာဥ်တွေရဲ့ ကပွဲကို
သက်သေပြုခဲ့ကြတယ်။
ဒီထက်ဂေါ်တဲ့ Street Photo တပုံ
ကမ္ဘာပေါ်မှာမရှိခဲ့ဘူး။
ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်လို့ တဲ့။
၂ ယောက်ကို ဖမ်းပြီး
၁ ယောက်ကို သတ်ပစ်လိုက်ကြတယ်။
အဲဒီနေ့ကသူတို့လက်ရာ ဓာတ်ပုံတွေကို
ဘယ်သူမှမမြင်လိုက်ရပေမဲ့
လူတိုင်း ကြားခဲ့ကြရတယ်။
ကမ္ဘာမှာပေါ့
ဒီဇင်ဘာ ၁၀ ကို
ဘာနေ့ ဆိုလား ခေါ်ကြသတဲ့။ ။
*၂၀၂၁၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မြန်မာတပြည်လုံး အသံတိတ်သပိတ်ဆင်နွှဲစဥ် အဖမ်းခံရပြီးနောက် မတရားစစ်တပ်ရဲ့ စစ်ကြောရေးတွင် အသက်စတေးခဲ့ရတဲ့ ကိုစိုးနိုင်နဲ့တကွ တိုက်ပွဲဝင်နေဆဲ ဝိညာဥ်အားလုံးအတွက်…
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘ဖိုးခါ(လူထု)’ ရေးဖွဲ့တဲ့ “1312″ ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































