Connect with us

Hi, what are you looking for?

ကဗျာ

“အောက်မေ့သတိရခြင်းများ”

အဲဒီမနက်ခင်း‌တွေမှာ ဖြတ်ခနဲ
နေရောင်ခြည် ကျရောက်ခဲ့ပုံကို သတိရ
ငါ့ရဲ့ အတိတ်က စက်ဘီးအိုကလေးပေါ်မှာ
ဖရိုဖရဲဖြစ်နေတဲ့ နိုင်ငံငယ်လေးကို တင်ထားတယ်

သက်ငြိမ်

အဲဒီမနက်ခင်း‌တွေမှာ ဖြတ်ခနဲ
နေရောင်ခြည် ကျရောက်ခဲ့ပုံကို သတိရ
ငါ့ရဲ့ အတိတ်က စက်ဘီးအိုကလေးပေါ်မှာ
ဖရိုဖရဲဖြစ်နေတဲ့ နိုင်ငံငယ်လေးကို တင်ထားတယ်

အဲဒီမနက်ခင်း‌‌တွေမှာ ဆတ်ခနဲ
ငှက်တကောင် လန့်ပျံသွားခဲ့ပုံကို အမှတ်ရ
ငါတို့ရဲ့ ခြံစည်းရိုးအုတ်တံတိုင်းပေါ်မှာ
အရိပ်တွေ ကွေးကောက် တွန့်လိမ်လို့နေတယ်

အဲဒီမနက်ခင်းမှာ ရိပ်ခနဲ
နှင်းဆီပန်းချုံတွေ လှုပ်ရမ်းသွားပုံကိုမြင်တော့
ကတ္တရာလမ်းမပေါ်မှာ ပွင့်နေတဲ့
သွေးပွင့်သွေးစက်တွေရဲ့ ရနံ့ကို ပြန်ရတယ်

Public Service Announcement

Public Service Announcement

ငါတို့ အိမ်ဝိုင်းရဲ့ ဘေးမှာ ရေတွင်းကလေးရှိတယ်
ရေတွင်းထဲကို ငါ ငုံ့ကြည့်မိတိုင်း
ဓားသွားရဲ့ အေးစက်‌လေးပင်မှုကို ခံစားရတယ်
အခုချိန်မှာတော့
ရေတွင်းထဲမှာ ငါ့ပုံရိပ်မရှိတော့ဘူး
ညနေခင်းရဲ့ ခပ်ဖျော့ဖျော့အလင်းသာ ကျရောက်လို့‌ နေတယ်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘​​သက်ငြိမ်’ ရေးဖွဲ့တဲ့ “အောက်မေ့သတိရခြင်းများ”
ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်) 

ဆက်စပ်သတင်းများ