Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘Where’re you going to brother?’

ဒီရက်ထဲ အကြိမ်ပေါင်းများစွာနားထောင်ဖြစ်နေတဲ့ ဦးကျော်ဟိန်းရဲ့ အကိုရေဘယ်ကိုသွားမှာလဲ သီချင်းပေါ့။ အကျအဆုံးအထိအခိုက်များနေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို သီချင်းနားထောင်လိုက် ပေါ့ဒ်ကတ်တွေနားထောင်လိုက်နဲ့ ထွက်ပေါက်ပေးနေတာ အချိန်တခုကြာပေါ့။

◼️ ဂနိုက်

ဒီရက်ထဲ အကြိမ်ပေါင်းများစွာနားထောင်ဖြစ်နေတဲ့ ဦးကျော်ဟိန်းရဲ့ အကိုရေဘယ်ကိုသွားမှာလဲ သီချင်းပေါ့။ အကျအဆုံးအထိအခိုက်များနေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို သီချင်းနားထောင်လိုက် ပေါ့ဒ်ကတ်တွေနားထောင်လိုက်နဲ့ ထွက်ပေါက်ပေးနေတာ အချိန်တခုကြာပေါ့။

သီချင်းထဲမှာပါသလို စိတ်အရမ်းပင်ပန်းပြီး ဘာလုပ်ရမလဲမသိတော့တဲ့အခါ “Where’re you going to brother? မေးခွန်းလေး ကြားရဲ့လား၊ ရည်ရွယ်တာတွေခြေဦးတည့်ရာ ဘယ်ကိုသွားမလဲတွေးမရတုန်း၊ မင်းသွားတဲ့လမ်းကောင်းရင် ငါလဲလိုက်မလို့ မင်းနည်းနည်းလောက်ပြောခဲ့ဦး” ပေါ့။ ကိုယ့်စိတ်ကိုယ်ပြန်မေးခွန်းထုတ် ကော်ဖီတခွက်ဖျော် ဆေးလိပ်ဘူးဆွဲ ဂျောင်တဂျောင်ဂျောင်ကပ် နားကြပ်တပ် သီချင်းနားထောင်ဖြစ်တဲ့အခိုက်အတန့်တွေဟာ ပင်လယ်ပြင်ထဲမှာ ရုတ်တရတ် အချက်ပြမီးကျည်ကိုတွေ့လိုက်ရသလို ကိုယ့်အသက်ကိုဆွဲဆန့်နေရတဲ့ ကောက်ရိုးတမျှင်စာတွေ။

“တခါတရံ ငါဘယ်လဲ ခံစားဆဲမှာ… ၊ မင်းသွားတော့မယ် ဟို အဝေး ဟေး …” တဲ့။

Public Service Announcement

Public Service Announcement

မီးစွဲနေတဲ့စီးကရက်ထိပ်က အတောင့်လိုက်ဖြစ်နေတဲ့ပြာသားက ဒူးကွေးပြီး ရင်ညွန့်ကပ်ထိုင်နေတဲ့အချိန် ခြေဖမိုးကျလာသလိုမျိုး ဘာရယ်ကြောင့်မသိပေမဲ့ အသက်ဆက်ရှင်ဖို့တွေးရတဲ့ စိုးထိတ်ဖွယ်ရာအစိုင်အခဲကာလတွေ။

“စဉ်းစားဦး လမ်းရွေးချယ် ဘယ်ကိုလဲ၊ အကောင်းဆုံး တွေးကြည့်လိုက်ဦး “ အနှစ်သာရတိုင်းမှာ ငါဗဟိုပြုနေတဲ့အတွေးတွေပတ်ချာလည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကိုရော ကိုယ့်က်ိုကိုယ်ရော ပြန်ရခဲ့ရတယ်။ ကိုယ့်စိတ်ကိုယ်အသေအလဲမေးရတယ် “ ဘယ်ကိုလဲအကိုရေ ပြောသွားဦး“ ပေါ့။

“ငါတကယ် တွေဝေ၊ မင်းပဲတွေးဦးကွာ မင်းသွားတော့မယ် ဟိုးအဝေး ဟေး“။

ကျနော်တို့ ပင်ပန်းခက်ခဲတွန့်ဆုတ်နေရတယ်။ တခုခုကိုမဖြစ်မနေရွေးချယ်ဖို့ ဆုံးဖြစ်ရတော့မယ့် အခိုက်အတန့်တိုင်းမှာပေါ့။

ရွေ့ပြောင်းနိုင်ငံသားအဖြစ် ဆက်တောင့်ခံမလား၊ ဒုက္ခသည်အဖြစ်ခံယူပြီး နောက်ထပ်နိုင်ငံတခုခုမှာ ကားမောင်းမလား၊ ဆူရှီလိပ်မလား စသည်ဖြင့် တခုခုကို ရွေးချယ်ရတော့မယ့် အခြေအနေတွေကို ဘယ်အရာကဆုံးဖြတ်ပေးမလဲ ကိုယ်ကိုယ်တိုင်မသိတော့ဘဲ တော်ပြီအသက်ရှင်နေသေးတာပဲ ငါနဲ့အတူတူရုန်းကန်ပေးနေတဲ့သူတွေအများကြီးပဲဆိုပြီး ရသေ့စိတ်ဖြေ အကြိမ်ကြိမ်အခါခါ။ တခါတရံတော့လဲ ချုံးပွဲချငိုကြွေးလိုက်တယ်။

ကျနော်ဟာ ယောက်ျားတွေ မျက်ရည်မကျရဘူး သန်မာရမယ်ဆိုတဲ့ အယူအဆကို တယ်လက်မခံလှပါဘူး။ အရှိန်တခုအထိခံစားမှုကထိန်းမရတော့တဲ့အခါ “စဉ်းစားတုန်း စွမ်းအားနည်း စွမ်းအားနည်း တွေးရင်လမ်းပျောက်သွား ဟိုအဝေး ဟေး ဟေ ဝေး …..”အပိုဒ်ကိုနားထောင် မျက်ရည်ပေါက်ပေါက်ကျ ငို။

သီချင်းတွေဟာ နားတွေကနေတဆင့် နှလုံးသားထဲအထိစိမ့်ဝင်တယ် နောက်တော့ စိတ်အစိုင်အခဲတွေကို ကိုယ်နဲ့ဝေးရာကို ခေါ်သွားစေတယ်ဆိုတဲ့အယူအဆကို ကျနော်သဘောကျတယ်။ ဂျော့ဂေါ်ဒင်ဘိုင်ရွန်ပြောသလိုပဲ “နေရာတိုင်းမှာ ဂီတရှိတယ် နားရှိနေမဲ့လူတိုင်းအတွက်ပေါ့“။ ခံစားသက်ဝင်နိုင်သရွေ့ သီချင်းတပုဒ်နဲ့အတူတူ အရာရာစီးမျော ရှာဖွေ။ သီချင်းတပုဒ်ထပ်လဲ ပိုကောင်းပိုမှာပေါ့။

အများကြီးတွေးဖို့မလိုဘူး။

“သွေးတိုးစမ်း လမ်းရွေးချယ် မောတုန်း၊ အားကောင်းတဲ့လက် လမ်းပြဦး ၊ တကယ်ပါပဲ အကိုရေ ပြောထားဦး” သီချင်းတွေနားထောင် ရှာဖွေ ပြန်ထ မထနိုင်ဘူးလား သေရဲရင်သေပေါ့။

24 AUG, 2025

“_” စာသားများသည် ဦးကျော်ဟိန်းသီချင်းထဲမှစာသားများဖြစ်သည်။

?The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​​ဂနိုက်’ ရေးဖွဲ့တဲ့ Where’re you going to brother?’ ရသစာတမ်းငယ် (Essay)ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...