Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“The Last song before leaving -“

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

◾️ ဂနိုက်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။ ရှောင်ပြေးတာမဟုတ်ဘဲ ဝေးကွာသွားတဲ့ဆက်ဆံရေးတချို့အတွက်လဲ ကျောခိုင်းလှည့်ထွက်ပြီးတော့ အပြီးအပိုင်ဆွဲထုတ်ပစ်ရတယ် ကိုယ်တို့ရဲ့ ဘယ်လိုမှထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ဘဝတခုကနေလေ။ ဆက်လက်ရယ်မောပစ်လိုက်ဖို့နဲ့ စီးကရက်အပိုင်းအစတွေလို ကိုယ့်ကိုကိုယ်လောင်ကျွမ်းပစ်လိုက်ဖို့ ဖယောင်းတိုင်ကလေးလိုဖြူစင်နေဖို့နဲ့ ပြီးတော့ အလင်းပေးရင်း တခန်းရပ်ပစ်လိုက်တော့မလို့။ dream about you ကို ဆေးရုံဝင်းထဲက ကော်ဖီဆိုင်ရှေ့မှာ စာရွက်တချို့ကိုင်ပြီး နားထောင်မိတုန်းက ကိုယ့်မှာလဲ အချိန်တခုရှိခဲ့ဖူးတယ် မျက်လုံးဖွင့်လိုက်တာနဲ့မင်းရှိနေတဲ့အချိန်တွေအကြောင်းစဉ်းစားရင်း ရပ်လျက်ပါပဲ။

တကယ်တော့ ပျော်ဝင်ပစ်လိုက်ဖို့ ဖန်တီးနေရသူတွေချည်းဆိုပေမဲ့ Exit ခလုတ်ကိုထိမိဖို့ လက်ကလေးတလုံးအလိုကို ကိုယ်တို့ရောက်ရောက်သွားနိုင်ကြတာပဲမဟုတ်လား။ မင်းဟာ ဘယ်သူနဲ့မှမတူတော့ဘူး ငါနဲ့ရော မင်းနဲ့ရော လွန်ခဲ့တဲ့ နှစ်အတော်အတန်အကြာလောက်က မင်းကြိုက်တဲ့ဟောလိဝုဒ်မင်းသမီးနဲ့ရော သိပ်ချစ်စရာကောင်းတဲ့ ပါရှန်းကြောင် အဖြူဖွလေးနဲ့ရောလို့ အသံနဲ့ ကိုယ့်အက်ဆေးကိုယ်ပြန်နားထောင်ရတော့ ဟိုးဝေးဝေးမှာ ကျန်ခဲ့တဲ့ကိုယ်နဲ့ အဲ့တုန်းကကိုယ်နဲ့ လုံးဝတူမနေတော့တဲ့လက်ရှိကိုယ့်ကိုယ်ကို သတိထားမိသွားတာပဲ သတ်ပုတ်နေတဲ့ဇာတ်ဝင်ခန်းရောက်လို့ ရုပ်ရှင်ကိုပြန်အာရုံစိုက်မိသွားသလိုမျိုးလေ။

ထိတွေ့တွန်းတိုက်လိုက်ရုံပဲ ကိုယ်တို့ဘာမှဆက်မတွေးတော့ဘဲ နစ်ဝင်သွားဖို့ ဖြစ်လာတဲ့အခါ။ ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ဖူးတဲ့ လိမ္မော်သီးစိပ်ကလေးက ဖန်ခွက်နှုတ်ခမ်းသားမှာ အတိအကျနေရာယူထားပုံတွေ အကျွမ်းတဝင်မရှိတော့တာသိပ်ကိုကြာပြီဖြစ်တဲ့ နမ်းရှိုက်ရခြင်းတွေရယ် ပြီးတော့ ဘယ်တုန်းလောက်ကလဲဟင်လို့ ခဏခဏပြန်စဉ်းစားမိပြီး ဖော်လို့မရတော့တဲ့ တခါတပါးဆီက စစ်မှန်စွာပျော်ခဲ့ရခြင်းတွေ။ တိတိပပ ကိုယ်တို့ သံသရာတပစ်စာဆီ ရောက်နေကြတဲ့အကွာအဝေးတွေမှာ နားထင်ကိုတေ့ဖြုတ်လိုက်ဖို့ထပ် ကျန်ခဲ့သူတွေကို စွဲထင်ကျန်ရစ်စေမဲ့အနာတရတွေမပေးခဲ့ကြဖို့ ရွေးချယ်ပစ်ကြရမှာပဲ။ ကိုယ်တို့အိပ်မက်တွေမက်ပစ်လို့ရတယ် နစ်စာဘားရက်ရဲ့ Die First ကို အကြိမ်ကြိမ်နားထောင်လိုက်လို့ရပါတယ် တကြိမ်လေးမှ ကိုယ့်အသည်းကိုယ်ခွဲကြတာနောင်တမရခဲ့ဘူးဆိုရင်လေ။

Public Service Announcement

Public Service Announcement

ဘီလီအဲလစ်ရှ်ရဲ့ bird of a feather နားထောင်တိုင်း ငါ့မှာ အချိန်တွေသိပ်မကျန်တော့ပေမဲ့ မင်းကိုနောက်ဆုံးအထိချစ်သွားမှာပါလို့ လိုက်ဆိုရင်း ဒီစော်အတော်ပလီတာပဲလို့ ကိုယ်တို့ပြိုင်တူပြော ပြိုင်တူရယ်ရင်း ပါ့ဘလစ်ဧရိယာမှာ ဘီယာစုပ်လို့ရတဲ့ ပလပ်ဖောင်းဘားတွေကနေ တော်တော်ဝေးဝေးကို တယောက်ဘဝထဲက တယောက်နှုတ်ထွက်လိုက်ရခြင်းတွေကို ဝဋ်ဒုက္ခကြီးမားစွာအိပ်ပျော်ဖို့ကြိုးစားရင်း ပေတေပြီးဆက်လက်မျက်လုံးမှိတ်ထားဖို့ကြိုးစားရင်း နံရံကိုနှိုးစက်တွေပစ်လွှတ်ရင်း အိုင်ဒီတွေမေ့ကျန်ရင်း ဒီဘက်နှစ်တွေမှာ တိုးတိုးလေးအော်ဟစ်လိုက်ရခြင်းများနဲ့အသားကျလိုက်ရခြင်းတွေပါပဲလေ…။ ။

((The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘ ဂနိုက်’ ရေးဖွဲ့တဲ့ “​​The Last song before leaving -” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...