Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“The Last song before leaving -“

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

◾️ ဂနိုက်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။ ရှောင်ပြေးတာမဟုတ်ဘဲ ဝေးကွာသွားတဲ့ဆက်ဆံရေးတချို့အတွက်လဲ ကျောခိုင်းလှည့်ထွက်ပြီးတော့ အပြီးအပိုင်ဆွဲထုတ်ပစ်ရတယ် ကိုယ်တို့ရဲ့ ဘယ်လိုမှထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ဘဝတခုကနေလေ။ ဆက်လက်ရယ်မောပစ်လိုက်ဖို့နဲ့ စီးကရက်အပိုင်းအစတွေလို ကိုယ့်ကိုကိုယ်လောင်ကျွမ်းပစ်လိုက်ဖို့ ဖယောင်းတိုင်ကလေးလိုဖြူစင်နေဖို့နဲ့ ပြီးတော့ အလင်းပေးရင်း တခန်းရပ်ပစ်လိုက်တော့မလို့။ dream about you ကို ဆေးရုံဝင်းထဲက ကော်ဖီဆိုင်ရှေ့မှာ စာရွက်တချို့ကိုင်ပြီး နားထောင်မိတုန်းက ကိုယ့်မှာလဲ အချိန်တခုရှိခဲ့ဖူးတယ် မျက်လုံးဖွင့်လိုက်တာနဲ့မင်းရှိနေတဲ့အချိန်တွေအကြောင်းစဉ်းစားရင်း ရပ်လျက်ပါပဲ။

တကယ်တော့ ပျော်ဝင်ပစ်လိုက်ဖို့ ဖန်တီးနေရသူတွေချည်းဆိုပေမဲ့ Exit ခလုတ်ကိုထိမိဖို့ လက်ကလေးတလုံးအလိုကို ကိုယ်တို့ရောက်ရောက်သွားနိုင်ကြတာပဲမဟုတ်လား။ မင်းဟာ ဘယ်သူနဲ့မှမတူတော့ဘူး ငါနဲ့ရော မင်းနဲ့ရော လွန်ခဲ့တဲ့ နှစ်အတော်အတန်အကြာလောက်က မင်းကြိုက်တဲ့ဟောလိဝုဒ်မင်းသမီးနဲ့ရော သိပ်ချစ်စရာကောင်းတဲ့ ပါရှန်းကြောင် အဖြူဖွလေးနဲ့ရောလို့ အသံနဲ့ ကိုယ့်အက်ဆေးကိုယ်ပြန်နားထောင်ရတော့ ဟိုးဝေးဝေးမှာ ကျန်ခဲ့တဲ့ကိုယ်နဲ့ အဲ့တုန်းကကိုယ်နဲ့ လုံးဝတူမနေတော့တဲ့လက်ရှိကိုယ့်ကိုယ်ကို သတိထားမိသွားတာပဲ သတ်ပုတ်နေတဲ့ဇာတ်ဝင်ခန်းရောက်လို့ ရုပ်ရှင်ကိုပြန်အာရုံစိုက်မိသွားသလိုမျိုးလေ။

ထိတွေ့တွန်းတိုက်လိုက်ရုံပဲ ကိုယ်တို့ဘာမှဆက်မတွေးတော့ဘဲ နစ်ဝင်သွားဖို့ ဖြစ်လာတဲ့အခါ။ ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ဖူးတဲ့ လိမ္မော်သီးစိပ်ကလေးက ဖန်ခွက်နှုတ်ခမ်းသားမှာ အတိအကျနေရာယူထားပုံတွေ အကျွမ်းတဝင်မရှိတော့တာသိပ်ကိုကြာပြီဖြစ်တဲ့ နမ်းရှိုက်ရခြင်းတွေရယ် ပြီးတော့ ဘယ်တုန်းလောက်ကလဲဟင်လို့ ခဏခဏပြန်စဉ်းစားမိပြီး ဖော်လို့မရတော့တဲ့ တခါတပါးဆီက စစ်မှန်စွာပျော်ခဲ့ရခြင်းတွေ။ တိတိပပ ကိုယ်တို့ သံသရာတပစ်စာဆီ ရောက်နေကြတဲ့အကွာအဝေးတွေမှာ နားထင်ကိုတေ့ဖြုတ်လိုက်ဖို့ထပ် ကျန်ခဲ့သူတွေကို စွဲထင်ကျန်ရစ်စေမဲ့အနာတရတွေမပေးခဲ့ကြဖို့ ရွေးချယ်ပစ်ကြရမှာပဲ။ ကိုယ်တို့အိပ်မက်တွေမက်ပစ်လို့ရတယ် နစ်စာဘားရက်ရဲ့ Die First ကို အကြိမ်ကြိမ်နားထောင်လိုက်လို့ရပါတယ် တကြိမ်လေးမှ ကိုယ့်အသည်းကိုယ်ခွဲကြတာနောင်တမရခဲ့ဘူးဆိုရင်လေ။

Public Service Announcement

Public Service Announcement

ဘီလီအဲလစ်ရှ်ရဲ့ bird of a feather နားထောင်တိုင်း ငါ့မှာ အချိန်တွေသိပ်မကျန်တော့ပေမဲ့ မင်းကိုနောက်ဆုံးအထိချစ်သွားမှာပါလို့ လိုက်ဆိုရင်း ဒီစော်အတော်ပလီတာပဲလို့ ကိုယ်တို့ပြိုင်တူပြော ပြိုင်တူရယ်ရင်း ပါ့ဘလစ်ဧရိယာမှာ ဘီယာစုပ်လို့ရတဲ့ ပလပ်ဖောင်းဘားတွေကနေ တော်တော်ဝေးဝေးကို တယောက်ဘဝထဲက တယောက်နှုတ်ထွက်လိုက်ရခြင်းတွေကို ဝဋ်ဒုက္ခကြီးမားစွာအိပ်ပျော်ဖို့ကြိုးစားရင်း ပေတေပြီးဆက်လက်မျက်လုံးမှိတ်ထားဖို့ကြိုးစားရင်း နံရံကိုနှိုးစက်တွေပစ်လွှတ်ရင်း အိုင်ဒီတွေမေ့ကျန်ရင်း ဒီဘက်နှစ်တွေမှာ တိုးတိုးလေးအော်ဟစ်လိုက်ရခြင်းများနဲ့အသားကျလိုက်ရခြင်းတွေပါပဲလေ…။ ။

((The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘ ဂနိုက်’ ရေးဖွဲ့တဲ့ “​​The Last song before leaving -” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...