Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“သံလွင်ရေတွေကုန်ကာမှ တွေ့ရမှာလားလို့ယွန်းစလင်း တံတားထိပ်မှာ ငါအော်ဆို – “

■ ဂနိုက်

အချစ် မင်းကိုလွမ်းရတဲ့ညတွေလွန်ပါစေက,စမယ်။ ချုံတွေပိန်းပေါင်းထပ်နေတဲ့ ကူညီပါရစေဆိုင်းဘုတ်ကိုတွေ့တော့ ပျစ်ကနဲမြည်အောင် တံတွေးထွေးခဲ့သေးတယ်။ ချောင်းကမ်းပါးကိုအဆင်း တရွတ်တိုက်နှ စ်ပတ်လိမ့်သွားတော့ ဂျွန်းစလင်းလို့ ငါတို့နောက်ပြီးခေါ်တယ်။ ငါတို့ကလဲငါတို့ပါပဲ ဗုံးသံတွေ ဝုန်းဆန်နေတာတောင် ရေကူးကမပြတ် လစ္စဘွန်းမြို့ပျက်တော့ ပါရီက ကချေသည်တွေလို။ မုန့်အီးဒ်နေ့က ဖာပွန်မှာစမိုင်သောက်တော့ မဆီမဆိုင် ယွန်းစလင်းချောင်းနံဘေးက ကရင်မလေးရောင်းတဲ့ ကြံချက်အရက်ကို သတိရ။ နွေခေါင်ခေါင်ကြီး မိုးရွာတော့ ငါ့ညာခြေကျင်းဝတ်မှာ ချုပ်ရာ ၃ ခုစာလောက် တရုတ်ဆိုင်ကယ်အစုတ်ရဲ့ ထိုးခွဲခြင်းခံရတယ်။ မြန်မာဇာတ်ရဲ့အစလို ခွန်းတောက်ရွတ်ပြီး ခေါင်းထဲသိမ်းထားသမျှ ထိုးထုတ်နေရတာပဲ။

ဖုန်တက်နေတဲ့ အောင်လံခိုင်ဖို့မဲပေးစို့စာသား ပင့်ကူမျှင်အောက်မှာ အန်တီစုနဲ့သမ္မတကြီးရုပ်ပုံကားချပ် ခေါပုတ်လမ်းကြားရောက်တော့ မီးလောင်ထားတဲ့ကားစုတ်တွေစီတန်းလို့ မီးသတ်ကားကြီးလဲ တစစီ ဘုရားရဲ့ခေါင်းတည့်တည့်မှာ ပေါင် ၅၀၀ ဗုံးသီးကျွံပေါက်ကြီး။ အစတွေကိုမေ့ရင် ဝင်ရတာခက်သွားပြီလို့ ဗုံးကြဲခံထားရတဲ့ ဗလီဘေးအိမ်မှာ ဂစ်တာတီးတုန်းကပြောခဲ့တဲ့ ကိုယ်တွင်းအနာတရများ။

ဘာပဲဖြစ်ဖြစ် ဘာမှမဖြစ်ပါဘူးပေါ့လို့ ယွန်းစလင်းတံတားရဲ့ဗုံးကြဲခံထားရတဲ့နေရာကိုကြည့်ပြီး သက်ပြင်းချရတယ်။ ငါတို့ပုန်းကျင်းထဲပြေးဆင်းတုန်းက သိပ်ကြောက်နေပေမဲ့လို့ပေါ့။ အအေးဓာတ်ပိုလာတဲ့ညတွေမှာ မီတာ ၂၀၀ လောက်အထိ လွမ်းစိတ်ကိုဖြန့်ကျက်။ ကာကင်းတောင်မထုတ်နိုင်ခင် ချေမှုန်းခံလိုက်ရတဲ့ အလုံးအရင်း ချစ်ခြင်းမေတ္တာတွေ။ စစ်မြှူနေတုန်း တည့်တည့်ဝင်တိုက်တော့ သိပ် သိပ် ချစ်ရတယ်နွဲ့တင်ရယ်ပါပဲ။

Public Service Announcement

Public Service Announcement

ဘာမှတော့လဲမဖြစ်ပါဘူး လျှာနဲ့သွားလို မင်းနှုတ်ခမ်းနဲ့ငါ့နှုတ်ခမ်း ကျားနာလိုအသေအလဲခဲရမဲ့ကိစ္စ။ ဒုက္ခတွေ့မှဘုရားတမိတဲ့အထာနဲ့ မိုင်းကွင်းကို ဘူးရှစ် လို့ အော်ပြီးဖြတ်ခဲ့တုန်းက အန္တိမပန်းတိုင်က ရှေ့ခြေရာအမှီလှမ်းနိုင်ဖို့။ ယွန်းစလင်းရေကိုသောက်ရင် တခေါက်ပြန်ရောက်သတဲ့ ငါတို့တော့ ထပ်ခါထပ်ခါတက်လာတဲ့ စောက်ရူးလေယာဉ်ကို စိတ်လုံခြုံဖို့လကျင်းထဲဝင်ပြီးမှ လှမ်းကလော်ဆဲခဲ့ရ။

သံလွင်မြစ်ကိုကူးပြီး နယ်စပ်ကိုဖြတ်တဲ့လမ်းမှာ ဖာပွန်ကသေနတ်သံ တချက် တချက် ကြားယောင်တော့ သံလွင်ရေတွေကုန်ကာမှ တွေ့ရမှာလားလို့ သံလွင်ချောင်းခြားကို ကီးမဝင့်တဝင်နဲ့အော်ဆိုပြီး မှတ်စုစာအုပ်ထဲ ယွန်းစလင်းချောင်းနံဘေးက မနီရေ ငါပြန်ပြီဟာလို့ချရေးပြီး ကိုယ့်ကိုကိုယ် မှိုင်းတိုက်လို့ အဝေးဆုံးပျံ(ပြန်)ထွက်လာခဲ့တယ်။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဂနိုက်’

ရေးဖွဲ့တဲ့ “သံလွင်ရေတွေကုန်ကာမှ တွေ့ရမှာလားလို့ ယွန်းစလင်းတံတားထိပ်မှာ ငါအော်ဆို – “

ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...