Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“အမှောင်ဘက်ခြမ်းသို့ လက်ကမ်းဝံ့သူများ”

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

◼️မြရဲလွင် (ဝေးလွင့်ငှက်)

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

အမှားကို အမှားလို့ သိခွင့်မရနိုင်မည့် ပညာရေးစနစ်က ကြီးထွားလာမည့် လူငယ်လေးတွေဟာ နိုင်ငံအတွက် ဘယ်လောက်ထိ အကျိုးပြုနိုင်မှာလဲ … ချည့်နဲ့လို့ အားမရှိတော့တဲ့ အမိနိုင်ငံတော်ကြီးအတွက် စစ်မှန်တဲ့ ပညာရေး စနစ်ဟာ သိပ်ကို အရေးကြီးတယ်မဟုတ်လား …

ဒီနိုင်ငံဟာ အနာဂတ်ကို မျိုးဆက်သစ် လူငယ်လေးတွေနဲ့အတူ ကောင်းမွန်ပြီး လှပတဲ့ ခရီးရှည်ကြီး ထွက်ရဦးမယ် …

Public Service Announcement

Public Service Announcement

အာဏာပေါ်မှာ တပ်မက်ရူးသွပ်ခြင်းဟာ သိပ်ကိုကြောက်စရာကောင်းတယ် … အာဏာရူးတဲ့ ခေါင်းဆောင်ဟာ ပေါရိသာဒထက်ကို ကြောက်ဖို့ကောင်းလှတယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်ရမယ်လို့ မတွေးမိခဲ့ဘူး … အခု ငါတို့တွေ့ရပြီ၊ ခေတ်သစ် ပေါရိသာဒကိုပေါ့၊ သိပ်ကို ကြောက်စရာကောင်းတယ် …

ကလေးငယ်တွေအတွက် ရသင့်ရထိုက်တဲ့ မှန်ကန် တည့်မတ် ကောင်းမွန်တဲ့ ပညာရေးစနစ်ကြီးကို ဝါးမျိုခြင်း၊

အမှောင်ဘက်ကို ဆွဲခေါ်ခြင်း … တကြိမ်တည်းနဲ့ မျိုးဆက်သစ်လူငယ်များစွာရဲ့ ဦးခေါင်းကို ဖြတ်တောက်ပြီး အာဏာမြဲဖို့ ယဇ်ပူဇော်မှု … ပေါရိသာဒကမှ ဆရာကောင်းနဲ့တွေ့ပြီး ဆရာကောင်းမိတ်ကောင်းစကားကို နားထောင်ပြီး လမ်းမှန်ရောက်ခဲ့ပါ​သေးရဲ့ …

အာဏာရူးတွေကို လမ်းမှန်ရောက်ဖို့ ခေတ်သစ် သုတသောမတွေ လိုအပ်လှတယ် … သူတော်ကောင်းတွေနဲ့သာ ထိုက်တဲ့ မွန်မြတ်လှတဲ့ သင်္ကန်းတွေဟာလည်း မုဆိုးတွေနဲ့ မလိုက်ဖက်လှဘူး … နေဝင်ချိန်တိုင်းဟာ နိုင်ငံသားတိုင်းကို ကမ္ဘာ့အလယ်မှာ မျက်နှာမညှိုးငယ်ရအောင် ဆောင်ကြဥ်းနိုင့်မည့်၊ အာဏာရှင်ကို ဖျက်ဆီးနိုင်မည့် နေဝင်ဆည်းဆာအချိန်အခါသာဖြစ်ဖို့ လိုအပ်ပါတော့သည်။

မင်းဆိုးမင်းညစ်တို့ ကခုန်ပျော်ပါးကြတဲ့အခါ ပြည်သူတွေသည်သာ ခါးကော့အောင် အနင်းခံကြရသည်သာ … ခေတ်သစ်ပေါရိသာဒ … ဘယ်မှာလဲ ခေတ်သစ် သုတသောမ၊ စာသင်ခန်းထဲက ကလေးတွေရဲ့ခေါင်းနဲ့ လူ့အဖွဲ့အစည်းတရပ်လုံးကို ဖျက်စီးမည့် ယဇ်ပူဇော်မှုတွေ၊ ဒါဟာအမှောင်ဘက်ခြမ်းပဲ …

နေဝင်သွားခြင်းက မှောင်မိုက်ခြင်းအစစ် မဟုတ်ဘူး၊ နိုင်ငံတခုရဲ့ လှပခြင်း ဖွံ့ဖြိုးခြင်းကို အဓိက ကျားကန်ထားတဲ့ ပညာရေးမရှိသည်ကသာ စစ်မှန်တဲ့ မှောင်မိုက်ခြင်း။ အဲ့ဒီအတွက် အောင်မြေမလိုဘူး … အမှောင်ဘက်ခြမ်းဟာ အောင်မြေနင်းစရာမလိုဘူး၊ သိပ်ကိုကြောက်စရာကောင်းတယ် …

မတလုံးဖြုတ်လိုက်ရုံနဲ့ ကမ္ဘာဟာ ပျက်စီးနိုင်တယ်လို့ ထင်လား၊ မရှိသင့်တဲ့နေရာမှာ မတလုံး အစားဝင်လာခြင်းကကော နိုင်ငံကို​ ခြောက်ခြားသွားစေနိုင်တာပဲ။

ရှိသင့်ရှိထိုက်တဲ့ တကယ်ဖြစ်ခဲ့ တကယ်ရှိခဲ့တဲ့ အမှန်တရားတွေရဲ့ရှေ့မှာ မတလုံးတပ်ပြီး ဝါဒမှိုင်းဖြန့်ခြင်းက အထိနာခြင်းဆိုတာထက် ပိုတယ် … ဒါပေမယ့် ခုတော့ မရတော့ဘူး … ဒီနေအကွယ်မှာ အာဏာရှင်ဟာလည်း တဖြည်းဖြည်းမှုန်ဝါး ပျောက်ကွယ်သွားရမယ် …

လူးသားစားခြင်းထက် ပိုကြောက်စရာကောင်းတဲ့ အာဏာယစ်မှု … စက်ဆုပ်ဖွယ်ကောင်းတဲ့ အာဏာယစ်မှုဟာ အချိန်ကြာကြာ တည်မြဲခြင်းမရှိလေ နိုင်ငံကောင်းလေပါပဲ …။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မြရဲလွင် (ဝေးလွင့်ငှက်)’ ရေးဖွဲ့တဲ့ “​​အမှောင်ဘက်ခြမ်းသို့ လက်ကမ်းဝံ့သူများ” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...