Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

အမှောင်တွေ ပွေ့ရမ်းထားတဲ့ ချစ်ခြင်းတရား”

အချိန်တွေ အပိုင်းအဖြတ်နဲ့ ဖြတ်ကျော်နေရင်း တယောက်ယောက်ကို စောင့်စားရတဲ့ ချိုမြိန်မှုဟာ နှလုံးသားကို ငြိမ်းအေးစေတယ်။ ပီတိဖြစ်စေတယ်။ မျက်စပစ်ပြီး လူတယောက်ကို ဘဝထဲ ခေါ်လာခဲ့ကြတာတော့ မဟုတ်ခဲ့ပါဘူး။ ကဗျာတွေရေးရင်း အမှန်တရားဆီ သွားနေရင်း နှလုံးသားရဲ့ ရင်ခုန်မှုကို လိုက်လျောခဲ့လိုက်ပါတယ်။

ဆူးနတ်သန်

အချိန်တွေ အပိုင်းအဖြတ်နဲ့ ဖြတ်ကျော်နေရင်း တယောက်ယောက်ကို စောင့်စားရတဲ့ ချိုမြိန်မှုဟာ နှလုံးသားကို ငြိမ်းအေးစေတယ်။ ပီတိဖြစ်စေတယ်။ မျက်စပစ်ပြီး လူတယောက်ကို ဘဝထဲ ခေါ်လာခဲ့ကြတာတော့ မဟုတ်ခဲ့ပါဘူး။ ကဗျာတွေရေးရင်း အမှန်တရားဆီ သွားနေရင်း နှလုံးသားရဲ့ ရင်ခုန်မှုကို လိုက်လျောခဲ့လိုက်ပါတယ်။

စာအုပ်နဲ့ သေနတ်ကို တလှည့်စီ ကိုင်တွယ်ရင်း ရင်ထဲငြိသွားတာ မြေဖြူကိုင်တဲ့ လက်ကလေးပါ။ ငါးနှစ်သားကလေးတွေရှေ့ ခဲတံချွန်ပေးနေတဲ့ လက်ကလေးပါ။ စပါးစိုက်လိုက် ခဲတံချွန်လိုက် မြေဖြူကိုင်လိုက် လက်ကလေးကို စိတ်မှန်းနဲ့ နမ်းရတာ လှိုက်လှိုက်လှဲလှဲ ကြည်နူးမိတယ်။

မြို့တက်သွားသူတွေ အမှာတော်ပါးရင် စာအုပ်တွေ စာရေးကိရိယာတွေ။ ခေတ်ပေါ်ကောက်ကြောင်းထဲမှာ အုံ့အုံ့မှိုင်းနေတဲ့ တောအုပ်ကို အလင်းဖြန့်ကျက်ထားရှာသူပါ။ သနပ်ခါး ရနံ့သင်းတဲ့ အဲ့ဒီခြေလှမ်းတွေမှာ မင်သက် ငြိတွယ်မိတယ်။ ခဲတံချွန်နေတဲ့ လက်ကလေးဟာ အနာဂတ်တခုကို မြင်ထားပုံရတယ်။ သူရယ်ရင် ငှက်ကလေးတွေ သီချင်းဆိုတယ်။ သူစာသင်ရင် ကလေးလေးတွေ ပြုံးပျော် ကခုန်တယ်။ သူ ခြေလှမ်းရင် ပန်းကလေးတွေ ပွင့်တယ်။

Public Service Announcement

Public Service Announcement

သူနဲ့ ကျနော့်ကြား စမ်းချောင်းလေး ခြားနေတယ်။ ကျနော့်ဘက်က ကျောက်စရစ်ခဲလေး ပစ်ချရင် သူ့ဘက်က ရေလှိုင်းကလေးတွေ ဖြစ်ဖြစ်သွားမလား။ ဘာနဲ့ပဲဖြစ်ဖြစ် ပုဝါဖြူလေးနဲ့ နီးချင်တယ်။ ခဲတံချွန်နေတဲ့ လက်ကလေး ဖမ်းဆွဲထားချင်တယ်။ စာသင်ကျောင်းတွေဟာ ခမ်းနားကြောင်း သိပြီလို့ အဲဒီလက်ကလေးကို ပြောပြချင်နေတယ်။

ကလေးတွေ အနာဂတ်ဟာ အဲဒီလက်ကလေး ထုဆစ်နေတယ်ဆိုရင် ကျနော့်ကိုယ် ကျနော်လည်း အဲဒီ ပန်းပုလက် ကလေးနဲ့ အပ်ချင်တယ်။ မိုက်မဲမှု တသောင်းဟာ ဖဝါးထပ်မျှ လိုက်ချင်ရုံလေးပါ။ ညံ့ဖျင်းတုန်ခါမှုတွေကလည်း သနပ်ခါးနဲ့ ခြေလှမ်းတွေကြောင့်ပါပဲ။ ဆေးထိုးအပ်တွေ မတိုးတော့တဲ့ အဖျားရောဂါ ဆွဲကပ်ခဲ့ပါပြီ။ ကျနော့်ကို
မြေဖြူကိုင်တဲ့ တော်လှန်ရေးကျောင်းက လက်ကလေး ကယ်ပါ။

ညများဟာ တာရှည်လာခဲ့ပါတယ်။ မချင့်မရဲ မနမ်းဖူးသော ပါးကလေးဟာ မွှေးမြနေပါတယ်။ ဒီနေ့ကော မနက်ဖြန် ကော မြေဖြူကိုင်တဲ့ လက်ကလေးဟာ စာအံသံတွေကြား မားမားရပ်နေဦးမှာပါပဲ။ ကျနော့်ရဲ့ မိုက်တွင်းနက်မှုတွေဟာ အထပ်ထပ် ရစ်နွယ်လို့ ခြေလှမ်းတွေ အကြိမ်ကြိမ်မှားလို့ပါပဲ။

ကဗျာရွတ်ပြီး စာသင်နေတဲ့ လက်ကလေးရယ် ကဗျာလား စာလား ဘဝလား အတိအကျရွေးပါ။ အနာဂတ်ကို ရွေးခဲ့တာ သိပါတယ်။ ကလေးတွေရဲ့ အနာဂတ်။ အညာမြေပြန့် နေပူထီးထီးထဲ ကန္တာရတောက အနာဂတ်။ အနာဂတ်တခု မွေးဖွားပေးနေတာ မြင်ရပါတယ်။

မြေဖြူအကျိုးလေးတွေမှာ သံဝေဂ ရစရာ ရှိပါတယ်။ သွားနေတဲ့လမ်းမှာ မျက်ရည်တွေ တိုးတိုးတိတ်တိတ် ကျခဲ့ပါတယ်။ အမြတ်တနိုးထားရမယ့် အဖိုးထိုက်ရတနာတွေ တိုင်းပြည်အမွေအနှစ်ပဲ ဖြစ်ကြပါစေတော့။ စာအံသံတွေကြားရင် တနင့်တပိုး လွမ်းမယ်။ ခဲတံချွန်ပေးတဲ့ လက်ကလေးတွေမြင်ရင် အဖျား ကြီးပစ်မယ်။ မလှမ်းရက်ခဲ့တဲ့ ခြေလှမ်းတွေအတွက် သေနတ်သံတွေနဲ့အတူ ရင့်ကျက်မယ်။

ကျနော်တို့ တွေ့ဆုံခဲ့ကြပါတယ်။ စမ်းချောင်းကလေးရဲ့နံဘေးမှာ ဓားသွေးထားတဲ့ လက်အစုံရယ် မြေဖြူကိုင်နေတဲ့ လက်အစုံရယ် ရင်ထဲမှာ တင်းကြပ်ကြေကွဲမိတယ်။ တယောက်ယောက်အပေါ် ချစ်မိတာလည်း အပြစ်ဖြစ်နိုင်ပါတယ်။ တော်လှန်ရေးကျောင်းဝန်းထဲမှာပဲ အဲ့ဒီလက်ကလေး ရှိနေအပ်ပါတယ်။

နှင်းဖြိုတဲ့ မိုးတွေ ရွာချခဲ့ပါပြီ။ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ လက်နဲ့ပဲ လက်ပြခဲ့ရပါပြီ။ အပျော်ဟာ ဘယ်မီးကိုမှ မကူးစက် နိုင်တော့ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတွေ တိုးဝင်ခွင့် ပြုလိုက်ပါပြီ။ ခဲတံချွန်တဲ့ လက်ကလေးထဲမှာ မျက်နှာအပ်ပြီးသာ ငိုချချင်ပါတော့တယ်။

ရှိသင့်ရှိထိုက်တဲ့ သတ္တိမျိုးဆိုတာ သေနတ်နဲ့ စာအုပ်ကြား ခေါင်းငိုက်စိုက် ထားလိုက်တာပါပဲ။ ကျနော့်ရဲ့ မပွင့်လင်းမှုဟာ ပွင့်လင်းတဲ့ မေတ္တာတရား စစ်စစ်ပါပဲ။ တနေ့နေ့ တချိန်ချိန်မှာ သေနတ်သမားကြီး မရသွားတဲ့ ကဗျာတပုဒ်ကို စာအံသံတွေကပဲ ရရှိသွားကြောင်း အထူးသတင်းတပုဒ် ဖြစ်လာပါလိမ့်မယ်။

မှောင်မဲသော ကောင်းကင် အလင်းတစက် နှစ်စက်မျှ ရရှိကြပါစေ။

တော်လှန်ရေးသမားကြီးဟာ သူ့အသည်း သူ ခွဲခဲ့ဖူးကြောင်း။

(အညာဒေသ ပြောက်ကျားတပ်များက ရဲဘော်များနှင့် တော်လှန်ရေးကျောင်းက ဆရာ/ဆရာမများသို့ သတိတရ ရေးဖွဲ့လိုက်ပါကြောင်း)

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ဆူးနတ်သန်’ရေးဖွဲ့တဲ့ “အမှောင်တွေ ပွေ့ရမ်းထားတဲ့ ချစ်ခြင်းတရား” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်) 

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...