Connect with us

Hi, what are you looking for?

သတင်း

“အားလုံးကိုကျော်ဖြတ်ရမယ်နဲ့ငါ့ညတွေကိုကျော်ဖြတ်ခဲ့တယ်”

◾ခွန်းနီ

ဒီနေ့ပြီးရင်
ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာ
ညဆိုရင်လည်း
လကတစ်ခြမ်းပဲ သာတော့တယ်
အဝေးကြီးကနေရာကို
အဝေးကကြည့်နေရတာ
ဘယ်သူပျော်မလဲ။

အမှောင်ထုထဲ
အရောင်တွေကလည်း ဖျော့နေလိုက်တာ
စိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူး
ငါဟာညတိုင်း အိမ်ပြန်လာနေကျ
အိမ်ရှေ့က သရက်ပင်ကြီးအောက်
အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။

အမေ့ရဲ့ဆူငေါက်သံ
အဖေ့ရဲ့ကြိမ်းဝါးသံ
နောက်ပြီး တံခါးထဖွင့်ပေးသံ
အဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေ
အခုတော့အရိပ်ယောင်ဆောင်ထားတဲ့
အတိတ်တွေပဲ ငါပြန်ရတော့တယ်။

Public Service Announcement

Public Service Announcement

စောက်စနစ်ကဆိုးဝါးတော့
ငါတို့လူငယ်တွေဟာ
စစ်ကြီးထဲလုံးလားထွေးလားပေါ့။

ပင်ပင်ပန်းပန်းသင်ယူရ
ကျိုးကျိုးနွံနွံဆည်းပူးရ
ခက်ခက်ခဲခဲတည်ဆောက်ရ
အပူတပြင်းအသားကျရ
မောကြီးပန်းကြီးရှေ့ဆက်ရ
မနိူင်မနင်းထမ်းပိုးခဲ့ရ
စနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရ
အတူတူချီတက်ရင်း
တချို့သူငယ်ချင်းတွေ
လွယ်လွယ်ကူကူသေပေးလိုက်ရ။

ဒီစစ်ကြီးထဲမယ်
ရှင်ကျန်နေတဲ့ကောင်တွေအဖို့
နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။

ဆိုလိုရင်းကိုပြန်ဆက်ရရင်
အိမ်ပြန်ဖို့ဆိုတဲ့အသိက
လူငယ်တွေအားလုံးမှာရှိတယ်။

အတွေးတွေနဲ့ပိလာတဲ့ညဟာ
မိုးလင်းသွားပေမဲ့
အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။

အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာ
နေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိ
ငါနဲ့အတူရှိနေတယ် ၊၊ ။

(The Call -ခေါ်သံ “အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရဲ့ “အားလုံးကိုကျော်ဖြတ်ရမယ်နဲ့ငါ့ညတွေကိုကျော်ဖြတ်ခဲ့တယ်”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

ရသစာတမ်းငယ်

ကက်စပီယံ (၁) ကတုတ်ကျင်းဘေးက ဗွက်အိုင်ထဲမှာ မိုးစက်တွေ တဖျောက်ဖျောက်ကျနေတယ်။ ကင်းစောင့်နေရင်း လက်ထဲက သေနတ်ဒေါက်ကို မှီပြီး အဝေးက မှောင်မည်းနေတဲ့ တောင်တန်းကြီးတွေကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိမ်ကထွက်လာတာ (၅) နှစ်ရှိပြီ။ အဖေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း အတူတူပဲ။ ဒီနေ့က “အဖေများနေ့” တဲ့။...

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။