Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

စစ်မြေပြင်ထဲက ခဲတံတစ်ချောင်း Peleliu: Guernica of Paradise(2025)

တာမာရုဟာ ပီလီလျူကျွန်းမှာ တာဝန်ကျနေတဲ့ ဂျပန်စစ်သား​​လေး တစ်ယောက်ပါ။ တကယ်တော့ သူက လက်နက်ကိုင်ချင်တာမဟုတ်ဘူး။ ခဲတံကိုင်ပြီး ရုပ်ပြကာတွန်းနဲ့ ပန်းချီဆွဲချင်ခဲ့တာ။

ဝဇီရာ/People’s Spring

တာမာရုဟာ ပီလီလျူကျွန်းမှာ တာဝန်ကျနေတဲ့ ဂျပန်စစ်သား​​လေး တစ်ယောက်ပါ။ တကယ်တော့ သူက လက်နက်ကိုင်ချင်တာမဟုတ်ဘူး။ ခဲတံကိုင်ပြီး ရုပ်ပြကာတွန်းနဲ့ ပန်းချီဆွဲချင်ခဲ့တာ။

သူရောက်နေတဲ့ နေရာကလည်း ကြည့်ပါဦး။ ရေတွေက ကြည်လင်နေတယ်။ စိမ်းလန်းစိုပြည်တဲ့ သစ်တောတွေက တစ်ကျွန်းလုံးမှာ နေရာအနှံ့။ အုန်းပင်တွေက ကမ်းခြေတစ်လျှောက် မှာ ယိမ်းနွဲ့လို့။ သို့ပေမဲ့ သူလာတာက စစ်တိုက်ဖို့လေ။

ပီလီလျူကျွန်းဟာ စစ်အငွေ့အသက်တွေရနေပြီ။ အမေရိကန်တပ်တွေက ဖိလစ်ပိုင်ကျွန်းစုကို ပြန်လည်သိမ်းပိုက်ဖို့ ချီတက်ရာမှာ လမ်း

Public Service Announcement

Public Service Announcement

ကြောင်းလုံခြုံစေဖို့နဲ့ ပီလီလျူကျွန်းပေါ်က ဂျပန်တွေရဲ့ လေယာဉ်ကွင်းကို သိမ်းပိုက်အသုံးချဖို့ ရည်ရွယ်ခဲ့တာပါ။

တာမာရုဟာအရပ်သားဘဝကကာတွန်းရုပ်ပြပညာရှင် ဖြစ်ချင်ခဲ့တာဖြစ်ပြီး ပုံဆွဲတော်ကြောင်း တပ်ခွဲမှူးက သိသွားတဲ့အခါ စစ်မြေပြင်မှာ ရဲဘော်တွေရဲ့ ကျဆုံးမှုတွေကို ကျန်ရစ်မိသားစုဆီ စာရေးတဲ့အခါ ကျဆုံးရဲဘော် ဂုဏ်သိက္ခာရှိအောင် အကြောင်းကြားစာရေးပို့ဖို့ တာဝန်ပေးခြင်း ခံရတယ်။ အဲဒီနောက် တိုက်ပွဲဖြစ်ရပ်တွေကိုလည်း မှတ်တမ်းတင်ဖို့ တာဝန်ပေးခဲ့တယ်။

အဲဒီတာဝန်ကြောင့်ပဲ တာမာရုဟာစစ်ပွဲအတွင်း ခဲတံနဲ့စာရွက်အပိုင်းအစတွေနဲ့ စစ်ပွဲကို တစိုက်မတ်မတ် မှတ်တမ်းတင်ခဲ့ရတယ်။ နာကျင်စရာတွေချည့်ပါပဲ။

၁၉၄၅ ခုနှစ် ဩဂုတ်လမှာ ဂျပန်အင်ပါယာ လက်နက်ချခဲ့ပေမဲ့ ပီလီလျူကျွန်း လှိုဏ်ခေါင်းတွေထဲ ပုန်းအောင်းနေတဲ့တာမာရုတို့အဖွဲ့ဆီကို စစ်ဌာနချုပ်ကနေ ဘယ်သတင်းအချက်အလက်မှ ရောက်မလာခဲ့ဘူး။

​အမေရိကန်တပ်တွေက ကျွန်းပေါ်ကို စစ်ပြီးဆုံးကြောင်းနဲ့လက်နက်ချဖို့ ကြေညာစာရွက်တွေ ကြဲချခဲ့ပေမဲ့ ဂျပန်စစ်သားတွေက အမေရိကန်တွေရဲ့ လှည့်ကွက်လို့ပဲ ထင်ခဲ့တယ်။ အမေရိကန်တွေ စွန့်ပစ်ထားတဲ့ အမှိုက်တွေကြားကနေ ဂျပန်ပြည်တွင်း သတင်းစာတွေကို တွေ့လိုက်ရတဲ့အချိန်မှာတော့….။

စစ်ပွဲဆိုတာ ဘယ်ဘက်ကပဲဖြစ်ဖြစ် သာမန်လူငယ်တွေရဲ့ အိပ်မက်တွေကို ဝါးမြိုပစ်တဲ့ အရာပါပဲ။ ကျနော်တို့နိုင်ငံမှာလည်း တာမာရုလိုပဲ လက်နက်မကိုင်ချင်ပေမဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့အတွက် လူငယ်တွေ လက်နက်ကိုင်ခဲ့ကြတယ်။လက်နက်ကိုင်လူငယ်တွေထဲမှာ တာမာရုလို ပန်းချီဆရာလေးတွေပါတယ်။ဆရာဝန်လေးတွေပါတယ်။

အဆိုတော်တွေပါတယ်။ အားလုံးဟာ အာဏာမသိမ်းခင်ကအညွှန့်တလူလူလေးတွေ…။

တဖက်မှာလည်း အာဏာသိမ်းစစ်တ​ပ်ရဲ့ အဓမ္မစစ်မှုထမ်းခေါ်ယူမှုတွေကြောင့် လူငယ်အများအပြား လက်နက်ကိုင်ခဲ့ကြတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းမပို့ဘူးလို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ လပိုင်းကလေး သင်တန်းပေးပြီး ရှေ့တန်းကို ရက်ရက်စက်စက်ပို့ခဲ့ကြတယ်။ မန္တလေးဘက်မှာဆို ကချင်ပြည်နယ်ဘက် အင်အား ၁၂၀ လောက်ပို့တာမှာ ၂၀ လောက်ပဲ သန္ဓေတပ်သားပါပြီး ကျန်တဲ့တစ်ရာဝန်းကျင်က စစ်မှုထမ်း တပ်သားသစ်တွေတဲ့။

တချို့ကတော့ရနိုင်သမျှချိတ်ဆက်ပြီး တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်ကြတယ်။ တချို့ကတော့ ၂ နှစ်ပြည့်ရင် ပြန်ရမယ်ဆိုတဲ့ မသေချာတဲ့ အကြောင်းပြချက်ကို ယုံကြည်ရင်း အသက်တွေ ပေးလိုက်ကြရတယ်။

စစ်အာဏာရှင် မွှေးခဲ့တဲ့မီးကြောင့် ကျနော်တို့နိုင်ငံ စစ်ညောင်းတာရှည်ခဲ့ရတယ်။ စစ်ပွဲဆိုတာ ဘယ်ခေတ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သာမန်လူငယ်တွေရဲ့ အနာဂတ်နဲ့ အိပ်မက်တွေကို လောင်စာအဖြစ် ဝါးမြိုပစ်တတ်တဲ့ သဘောရှိပါတယ်။ ပီလီလျူကျွန်းရဲ့ လှိုဏ်ခေါင်းထဲမှာ ခဲတံတိုလေးကို ကိုင်ရင်း ရှင်သန်ခွင့်ရဖို့ ကြိုးစားခဲ့တဲ့ တာမာရုလိုပဲ၊ ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ မြေပြင်အသီးသီးမှာလည်း သေနတ်တွေကို မလွှဲမရှောင်သာ ဆုပ်ကိုင်ထားရတဲ့ လူငယ်လေးတွေမှာ ကိုယ်စီ အိပ်မက်တွေ ရှိခဲ့ကြတာချည်းပါပဲ။

ဒီမုန်တိုင်းဆိုးကြီး ပြီးဆုံးသွားတဲ့တစ်နေ့ လူငယ်တွေရဲ့ လက်ထဲမှာ သေနတ်တွေအစား စုတ်တံတွေ၊ ခဲတံတွေနဲ့ သူတို့ချစ်တဲ့ အိပ်မက်တွေကို ပြန်လည် ရေးခြယ်ခွင့်ရမယ့် မနက်ဖြန်မျိုးကိုပဲ အပြင်းအထန် မျှော်လင့်မိပါတော့တယ်။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

Raakh(၂၀၂၆)

ရုပ်ရှင်ခံစားမှု

A Taxi Driver(2017)

ရုပ်ရှင်ခံစားမှု

ဂျပန်နိုင်ငံကမြို့ငယ်လေးတစ်မြို့ရဲ့မြစ်ကမ်းလေးတနေရာမှာ အမျိုးသမီးငယ်လေးတစ်ယောက် ထီးမိုးထားတဲ့ တွန်းလှည်းကလေးကို ဆွဲလာတယ်။ သူ့လက်ထဲမှာလည်း ဟွန်းသေးသေးလေးတစ်ခုပါတယ်။ သူက ဟွန်းလေးကို လက်က ကိုင်ပြီး "ကြောင်ကလေးတွေ ငှားပေးပါတယ်"လို့ အော်လာတယ်။ ဟုတ်ပါရဲ့။ သူဆွဲလာတဲ့ တွန်းလှည်းကလေးပေါ်မှာ ရောင်စုံကြောင်ကလေးတွေဟာ ခြင်းကလေးတွေထဲမှာ ငြိမ်ငြိမ်သက်သက်ထိုင်​နေကြတာပါလား။

ရုပ်ရှင်ခံစားမှု

The Secret Life of Walter Mitty (2013)