Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆောမြို့နယ်မှ ပြည်သူရင်ခွင်ခိုလှုံသောရဲတပ်သား လွတ်မြောက်နယ်မြေသို့ အန္တရာယ်ကင်းစွာရောက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များလည်း CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။

People's Spring
People's Spring

မကွေးတိုင်း ဆောမြို့နယ်မှ CDMဝင်ရောက်လာသော ရဲတပ်သားတစ်ဦးအား လွတ်မြောက်နယ်မြေသို့ အန္တရာယ် ကင်းစွာ ပို့ဆောင်ပေးခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့-Yaw Defense Force (ဆော& ကျောက်ထု)က သတင်းထုတ်ပြန်သည်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် လောင်းရှည်မြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ/၂၅၈၃၈၇ ရဲတပ်သား ကိုကျော်သီဟသည် အောက်တိုဘာလ ၁၆ ရက်တွင် တာဝန်မှရပ်နားပြီး CDM ဝန်ထမ်းအဖြစ် YDF (ဆော & ကျောက်ထု)တွင် ခိုလှုံ၍ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် လာသောကြောင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပြီး အောက်တိုဘာလ ၂၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်းအသိပေးထားသည်။

နောက်နောင်တွင် စစ်လက်နက်အပြည့်အစုံ နှင့်တစ်ကွ YDF (ယော&ကျောက်ထု)အဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန်သောဆုကြေးငွေကို ပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေ(သို့) ပြည်ပနိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း
ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များလည်း CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ ‘NUGမှ အကြမ်းဖက်စစ်ကောင်စီအား ပြန်လည်ခုခံတိုက်ခိုက်ရန်ကြေညာပြီးနောက် စက်တင်ဘာလမှ အောက်တိုဘာလ ၇ ရက်အထိ ကာလအတွင်း တပ်မတော်သား ၄၂၉ ဦးနှင့် ရဲ ၃၃၄ဦး တို့ CDMဝင်ရန်ဆက်သွယ်ခဲ့ကြကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

သတင်း

Southern YSO PDFသည် ထပ်မံ၍ လက်နက်အပ်အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများအား နွေးထွေးစွာကြိုဆိုနေကြောင်း အသိပေးထားသည်။

သတင်း

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။