Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်မှ ပြည်သူရင်ခွင်ခိုလှုံသောရဲတပ်သား လွတ်မြောက်နယ်မြေသို့ အန္တရာယ်ကင်းစွာရောက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များလည်း CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။

People's Spring
People's Spring

မကွေးတိုင်း ဆောမြို့နယ်မှ CDMဝင်ရောက်လာသော ရဲတပ်သားတစ်ဦးအား လွတ်မြောက်နယ်မြေသို့ အန္တရာယ် ကင်းစွာ ပို့ဆောင်ပေးခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့-Yaw Defense Force (ဆော& ကျောက်ထု)က သတင်းထုတ်ပြန်သည်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် လောင်းရှည်မြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ/၂၅၈၃၈၇ ရဲတပ်သား ကိုကျော်သီဟသည် အောက်တိုဘာလ ၁၆ ရက်တွင် တာဝန်မှရပ်နားပြီး CDM ဝန်ထမ်းအဖြစ် YDF (ဆော & ကျောက်ထု)တွင် ခိုလှုံ၍ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် လာသောကြောင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပြီး အောက်တိုဘာလ ၂၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်းအသိပေးထားသည်။

နောက်နောင်တွင် စစ်လက်နက်အပြည့်အစုံ နှင့်တစ်ကွ YDF (ယော&ကျောက်ထု)အဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန်သောဆုကြေးငွေကို ပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေ(သို့) ပြည်ပနိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း
ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များလည်း CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ ‘NUGမှ အကြမ်းဖက်စစ်ကောင်စီအား ပြန်လည်ခုခံတိုက်ခိုက်ရန်ကြေညာပြီးနောက် စက်တင်ဘာလမှ အောက်တိုဘာလ ၇ ရက်အထိ ကာလအတွင်း တပ်မတော်သား ၄၂၉ ဦးနှင့် ရဲ ၃၃၄ဦး တို့ CDMဝင်ရန်ဆက်သွယ်ခဲ့ကြကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။