Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ထိုးစစ်ဟန့်တားရန် ဟားခါး – ထန်တလန်လမ်းရှိ တံတားနှစ်စင်းကို ချင်းတပ်ဖွဲ့ဖောက်ခွဲဖျက်ဆီး

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ တပ်အင်အားဖြည့်တင်းရာ အောက်တိုဘာ ၁၂ရက်တွင် ဖလမ်းမြို့သို့ စစ်ကောင်စီတပ်ယာဉ်တန်းရောက်ရှိပြီး တစ်ပတ်ကျော်အကြာ အောက်တိုဘာ ၂၀ရက်တွင် ဟာခါးသို့ အင်အား ၃၀၀ ခန့်ပါ စစ်ကားများ ရောက်ရှိလာခဲ့သည်ဟုဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အင်အားဖြည့်တင်း ထိုးစစ်ဆင်မှုကို ဟန့်တားရန် ချင်းပြည်နယ် ဟားခါး – ထန်တလန်လမ်းရှိ တံတားနှစ်စင်းကို ဖောက်ခွဲဖျက်စီးလိုက်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ တပ်အင်အားဖြည့်တင်းရာ အောက်တိုဘာ ၁၂ရက်တွင် ဖလမ်းမြို့သို့ စစ်ကောင်စီတပ်ယာဉ်တန်းရောက်ရှိပြီး တစ်ပတ်ကျော်အကြာ အောက်တိုဘာ ၂၀ရက်တွင် ဟာခါးသို့ အင်အား ၃၀၀ ခန့်ပါ စစ်ကားများ ရောက်ရှိလာခဲ့သည်ဟုဆိုသည်။

ဟားခါးမြို့သည် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်တည်ရှိ ထန်တလန်မြို့နယ်နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးကြောင်း၊ မကြာမီရက်ပိုင်းအတွင် CNF ဌာနချုပ်နယ်မြေ နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)များ ရှိရာဒေသများသို့ စစ်ကောင်စီတပ်က အင်အားဖြည့် ထိုးစစ်ဆင်မှုရှိလာနိုင်၍ ချောင်းကူးတံတား နှစ်စီးကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

“မနေ့က တစ်စင်း၊ ဟိုတစ်နေ့က တစ်စင်း။ သူတို့ အလွယ်တကူ လာလို့မရအောင်။ ဟားခါးကနေ ထန်တလန်ဘက်ကို စစ်ကူမပို့နိုင်အောင် ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်တယ်”ဟု ဆလိုင်းထက်နီက ယနေ့ (အောက်တိုဘာ ၂၂ရက်)တွင် ပြောသည်။သတင်းများအရ ယနေ့တွင် အဆိုပါနယ်မြေသို့ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်တစ်စီး ဝဲပျံသွားကြောင်း သိရသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ရှိန်ကတော့ ပိုပြီးတော့ ပြင်းထန်လာဖွယ်ရှိတယ်။ သူတို့က ဇွတ်တိုးလာတဲ့အနေအထားမှာရှိတယ်။ သူတို့ ဟားခါးဗျူဟာမှာ အင်အားဖြည့်တင်းပြီးတော့ သူတို့အနေနဲ့တော့ နယ်မြေ စိုးမိုးရေး၊ နယ်မြေလုံခြုံရေး စသဖြင့် အဲဒီအကြောင်းပြချက်နဲ့ သူတို့က လာပြီးတော့ အောက်လမ်းရော အထက် ဂျက်လေယာဉ်နဲ့ရော ပြင်ဆင်နေတယ်။ လာဖို့ရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့လည်း ပြည်သူတွေကို အတက်နိုင်ဆုံး ကိုယ့်လုံခြုံရေးကိုယ် သတိရှိရှိနဲ့ နေကြဖို့ ကျွန်တော်တို့ တန့်လှန့်ထားတာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ စစ်ရေးအရ ဖိနှိပ်ရန် ချင်းမြောက်ပိုင်း ဟာခါးစစ်ဗျူဟာနှင့် ချင်းတောင်ပိုင်း မတူပီ စစ်ဗျူဟာများသို့ လက်နက်ရိက္ခာနှင့် အင်အားများ ဖြည့်တင်းနေသည်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ရှိ မြို့နယ်များ၌ စစ်ကောင်စီတပ်ကို CNFနှင့် CDFတို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။