အောက်တိုဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြို့သစ် တာပိန်တံတားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
သတင်းရင်းမြစ်အချို့ကလည်း စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ တံတားရဲ့ မှတ်တမ်းပုံတွေ ဖော်ပြထားပါတယ်။

Public Service Announcement
စစ်တပ်ဟာ မိုးမောက်မြို့နယ်အပါအဝင် လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေပြန်ရဖို့ ကချင်ပြည်နယ်ကို စစ်အင်အားအများအပြားဖြည့်တင်းထားပြီး ဒေသအချို့မှာ ထိုးစစ်ဆင်လျက်ရှိပါတယ်။
လတ်တလော ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ဗန်းမော်-မံစီ လမ်းကြောင်းမှာ စစ်တပ်ထိုးစစ်ရှိနေလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားလျက်ရှိပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ ဩဂုတ်မှာ မိုးမောက်မြို့နယ်တခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ မိုးမောက်ကို လက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်း တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ မိုးမောက်ဒေသခံ ပြည်သူတွေ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။



















































