Connect with us

Hi, what are you looking for?

News

သတင်း​ပေး၊ ဒလန်များအသတ်ခံရ​သော သတင်းတွင်အဆိုးဆုံးပုံသုံးရန် စစ်​ကောင်စီ၏ ပြန်ကြား​ရေးဌာနတွင်းညွှန်ကြား

“ကျွန်မတို့က မတတ်သာလို့ ရုံးတက်နေတာ။ သူတို့ တင်ခိုင်းတိုင်းမတင်ဘူး။ဌာနမှာ ပြောတော့ သတင်းစာသမား ကျင့်ဝတ်ဘယ်နှစ်ခုရှိတယ် ဘာညာနဲ့ သင်တန်းတွေပေးနေပြီး ပြည်သူလူထု မကြည့်အပ် မမြင်အပ်တဲ့ ပုံတွေကို တိုင်းညွှန်မှုးတွေ၊ ပြည်နယ်ညွှန်မှုးတွေကိုယ်တိုင်က တင်ခိုင်းနေတာ”ဟု ပြန်ဆက်ဝန်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။

ပြည်သူ့​​​​တော်လှန်​ရေးအဖွဲ့များက အာဏာသိမ်းစစ်ကောင်စီသတင်းပေး ဒလန်များကို သတ်ဖြတ်သည့် သတင်းများကို စစ်​ကောင်စီ၏ ပြန်ကြား​ရေး​ရေးဝန်ကြီး ဌာန လက်​အောက်ရှိ ​ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာများတွင်​ဖော်ပြရာ၌ သွေးသံရဲရဲနှင့် အဆိုးရွားဆုံး ဓာတ်ပုံများကိုသာသုံးရန် ပြန်ကြားရေးဝန်ကြီးဌာနက ဌာနတွင်း ညွှန်ကြားထားသည်ဟု သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဌာနတွင်း ညွှန်ကြားချက်ကို Non-CDM ပြန်ဆက်ဝန်ထမ်းတစ်ဦးက ဖွင့်ချအသိပေး ခြင်းဖြစ်သည်။ ထိုသို့ညွန်ကြားခြင်းမှာ ပြည်သူ့​တော်လှန်​ရေးအဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် ပုံ​ဖော်နိုင်ရန်ဖြစ်​ကြောင်း ၎င်းကသုံးသပ်​ပြောသည်။

“ကျွန်တော်တို့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်အရာရှိတွေပါတဲ့ Viberဂရုရှိတယ်။ ဒလန်တွေအသတ်ခံရတဲ့သတင်းဆိုရင် သွေးသံရဲရဲနဲ့ လူမြင်မတင့်တယ်တဲ့ ပုံတွေပဲ သုံးခိုင်းတယ်။ မသင့်တော်ဘူးထင်လို့ ရိုးရိုးပုံပဲ ပို့ရင်တောင် ဒါပဲလားလို့ ညွှန်မှူးက ပြန်မေးတယ်”ဟု ပြည်နယ်တစ်ခုတွင် တာဝန်ကျနေသည့် ပြန်ဆက်ဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒီချုပ်အစိုးရလက်ထက် ဝန်ကြီးဦးဖေမြင့်လက်ထက်က နိုင်ငံတစ်ဝန်းရှိနေ့စဥ် သတင်းများကို လူထုထံအသိပေးရန်အတွက် သက်ဆိုက်ရာ မြို့နယ်အလိုက် IPRD pageများဖွင့်ခဲ့သည်။ ဥပမာ အင်းစိန်မြို့နယ် ပြန်ဆက်ဌာန ဆိုပါက Insein IPRD၊ပြင်ဦးလွင် မြို့နယ် ပြန်ဆက်ဌာန ဆိုပါက Pyin Oo Lwin IPRD စသဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ ဖွင့်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူလ IPRD ဖေ့ဘွတ်စ်စာမျက်နှာများနေရာ၌ IPRD နေရာတွင် We Loveဟု အစားထားခဲ့သည်။ဥပမာ အင်းစိန်မြို့နယ် ပြန်ဆက်ဌာနဆိုပါက We Love Insein၊ပြင်ဦးလွင် မြို့နယ် ပြန်ဆက်ဌာန ဆိုပါကWe Love Pyin Oo Lwinဟု နာမည်ပြောင်းရန် ညွှန်ကြားခဲ့သည်။ ယခုအခါ ဒေသအနှံ့မှ စစ်ကောင်စီအလိုကျသတင်းများကို ယင်းဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ နေ့စဥ် ​ဖော်ပြ​ပေး​နေသည်။

“ကျွန်မတို့က မတတ်သာလို့ ရုံးတက်နေတာ။ သူတို့ တင်ခိုင်းတိုင်းမတင်ဘူး။ဌာနမှာ ပြောတော့ သတင်းစာသမား ကျင့်ဝတ်ဘယ်နှစ်ခုရှိတယ် ဘာညာနဲ့ သင်တန်းတွေပေးနေပြီး ပြည်သူလူထု မကြည့်အပ် မမြင်အပ်တဲ့ ပုံတွေကို တိုင်းညွှန်မှုးတွေ၊ ပြည်နယ်ညွှန်မှုးတွေကိုယ်တိုင်က တင်ခိုင်းနေတာ”ဟု ပြန်ဆက်ဝန်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။

အထက်ပါအစီအစဥ်ကို အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြား၍ ပြန်ကြားရေးဝန်​ကြီးဌာန တာဝန်ရှိသူများက အကောင်အထည်ဖော်နေခြင်းဟု ပြန်ဆက်ဝန်ထမ်းများကပြောသည်။

“ကိုဗစ်ဆယ့်ကိုးဆိုတာ အစည်းအဝေးတစ်ခုမှာ မင်းအောင်လှိုင်က ကိုဗစ်ဆယ့်ကိုးလို့ ပြောလိုက်တာကနေ သတင်းထုတ်ပြန်တော့ အဲ့နာမည်တွင်တာ။ အလကား ဖားရားပြီး လုပ်ကြတာ”ဟု ပြန်ဆက်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း PDFက သုတ်သင်လိုက်သည့် စစ်ကောင် စီသတင်းပေးဒလန်များ၏ သွေးသံရဲရဲနှင့်သေဆုံးနေသည့်ဓာတ်ပုံများကို သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဗီဒီယိုကလစ်ဖြင့် ပြသဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

စစ်ကောင်စီရဲ့ သတင်းပေးဒလန် နဲ့ ခိုးဆိုးလုနှိုက်သူတွေကို ဖမ်းဆီးဖို့ ကရင်နီပြည်နယ်ထဲက မြို့နယ်သုံးခုမှာ သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုတွေလုပ်မယ်လို့ မြို့နယ်အပ်ချုပ်ရေးကော်မတီတွေက ဒီကနေ့ (စက်တင်ဘာ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

စစ်အာဏာသိမ်းအပြီးမှာ လူအများစုဟာ ဘုံရန်သူကိုအတူရင်ဆိုင်သွားကြပေမယ့် လူ့အဖွဲ့အစည်းမှာတော့ မတူညီတဲ့အကျိုးစီးပွားတွေရှိနေကြတုန်းပါ။

သတင်း

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။