Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ ပူးပေါင်းတာ၊ သတင်းပေး၊ သတင်းယူ ဒလန်မလုပ်ဖို့ KIA တပ်ရင်း(၁၂) သတိပေး

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AO)

ဇွန်-၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၃ရက်နဲ့ ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်မှာ KIA အမှတ် (၁၂) တပ်ရင်း၊ ရွှေကူခရိုင်နယ်မြေအတွင်း နေထိုင် နေကြသောပြည်သူတွေ ၊ ရွှေတူးလုပ်ငန်း၊ သတ္ထုတူးလုပ်ငန်း လုပ်ကိုင်နေကြသူ အားလုံး စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ဖို့ သတိပေးထားတာပါ။ သတင်းပေးခြင်း၊ သတင်းယူခြင်း၊ သူလျှို (ဒလန်) လုပ်ခြင်းများ မပြုလုပ်ကြဖို့ ဖော်ပြထားပါတယ်။

” ယခင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသူများအနေဖြင့် ယခုသတိပေးစာ ထုတ်ပြန်ပြီး နောက်ပိုင်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြရန်။ အကယ်၍ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်း ပတ်သက်ဆက်နွယ်နေပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်” လို့ KIA တပ်ရင်း(၁၂) က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရွှေကူမြို့နယ်ကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားလာလို့ KIA ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

တိုက်ပွဲနဲ့ စစ်ရေးအခြေအနေကြောင့် ဒေသတွင်း လမ်းပိုင်းတွေကို KIA၊ KPDF တပ်တွေက ပိတ်ထားတာရှိသလို ရွှေကူမြို့ပေါ်နေ ပြည်သူတွေ စစ်ရှောင်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်က တော်လှန်ရေးတပ်အသွင်ယူ လှုပ်ရှားနေလို့ သတိပြုဖို့လည်း နှိုးဆော်ထားပါတယ်။

” စာတွေက မလိုအပ်ပဲမထုတ်ပါဘူး။ တိုက်ပွဲဖြစ်နိုင်တဲ့ ဧရိယာထဲရှိနေလို့ကြိုတင်ပြင်ဆင်နိုင်ကြဖို့ စာထုတ်ထားတာဖြစ်ပါတယ်။ မြို့ထဲထိရောက်မယ် မရောက်ဘူးတော့ သေချာပေါက်မပြောနိုင်သေးဘူး။ တိုက်ပွဲဖေါ်ဆောင်နေရင်း ချက်ချင်းလည်းမြို့ထဲရောက်လာနိုင်တဲ့အနေအထားရှိပါတယ်။ မိဘပြည်သူတွေအနေနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင် အထုပ်ကြီးအထည်ကြီးတွေတော့ လွတ်ရာကျွတ်ရာပို့၊ စစ်ပွဲဖြစ်ပြီ ပြေးတော့ဆိုတာနဲ့ အလွယ်တကူထပြေးနိုင်တဲ့အနေအထားလောက်တော့ ပြင်ဆင်ထားပေါ့” လို့ Social Punishment Shwegu ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ KIA ရဲ့ သတိပေးချက်ကို ဖော်ပြပြီး ရေးသားထားပါတယ်။

ဒါအပြင် စစ်တပ်နဲ့ လွတ်ရာနေကြဖို့လည်း နှိုးဆော်ထားပါတယ်။

မေလဆန်းကစပြီး တိုက်ပွဲတွေ တောက်လျှောက် ပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ လက်လွှတ်ဆုံးရှုံးထားတဲ့န ယ်မြေဒေသတွေ ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေလို့ ကချင်ဒေသမှာ စစ်ရေးတင်းမာနေပြီး ရှမ်းမြောက် မဘိမ်းမြို့နယ် ငါးအိုးဒေသနဲ့ ရွှေကူအကြား တိုက်ပွဲ ရက်ရှည်ဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ