Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ပဲပုပ်ဖတ်တင်သွင်းမှု စစ်​ကောင်စီကအ​မေရီကန်အစိုးရအာရုံစိုက်မှုရ​အောင်လုပ်ရပ်လို့လုပ်ငန်းရှင်​တွေသုံးသပ်

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

(အ​မေရီကန် ပဲပုပ်တင်သွင်းဖို့ သ​ဘောတူလက် မှတ်​ရေးထိုးစဥ်။ ဓါတ်ပုံ-အ​မေရီကန်သံရုံး​ဖေစ်ဘွခ်)

■အ​မေရီကန်ကစစ်​ကောင်စီကိုပဲပုပ်ဖတ်​ရောင်းချမှုအ​ပေါ် ပြည်သူ​တွေ​ဝေဖန်

■ယခုကုန်သွယ်မှုက တရုတ်အစိုးရကို​ဒေါသထွက်​စေနိုင်ဟုရှမ်းပြည်နယ်မှကုန်သည်တဦး​ပြော

​ဖေ​ဖော်ဝါရီ-၂၆၊၂၀၂၆။​နေ့သစ်/People’s Spring

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီကဘဒေါ်လာရှားပါးမှုအ​ကြောင်းပြချက်နဲ့ ​ဆေးဝါးမှအစ သွင်းကုန်အားလုံးတင်းကြပ်ထားလို့ ပြည်တွင်းမှာ ​သွင်းကုန် အားလုံးရှားပါးပြတ်လပ်​နေချိန်မှာ အ​မေရီကန်မှ တိရစ္ဆာန်အစာ ပဲပုပ်ဖတ်ကိုတကူးတက တင်သွင်းမှုအ​ပေါ်ပြည်သူ​တွေက ​​ဝေဖန်​နေကြပါတယ် ။

မြန်မာနိုင်ငံသို့ ပဲပုတ်ဖတ်​​ရောင်းချရန် အမေရိကန်တင်ပို့ရောင်းချသူနဲ့ မြန်မာဝယ်ယူသူများအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သံရုံးမှ မျက်မြင်တွေ့ကြုံခွင့်ရခဲ့တဲ့အတွက် ဝမ်းမြောက်​ကြောင်း ရန်ကုန်ရှိအ​မေရီကန်သံရုံးက ​ဖေ​ဖော်ဝါရီ ၂၅ ရက်မှာထုတ်ပြန်ပါတယ်။အခုလို မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု​တွေက အမေရိကန်လယ်သမား​တွေအတွက် ဈေးကွက်သစ်များ ဖော်ဆောင်ပေးတဲ့အပြင် ဒေသတွင်းမှာ ခိုင်မာတဲ့ ထောက်ပံ့ရေးကွင်းဆက်​တွေနဲ့ ရေရှည်စီးပွားရေး အဆက်အသွယ်​တွေကိုလည်း ပိုမိုအားကောင်းစေမယ်လို့​ဖေည်ပြထားပါတယ် ။စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပြီး ထုတ်လုပ်သူ​တွေနဲ့ ဝယ်ယူသူ​တွေအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမယ့် ကုန်သွယ်ရေးအစီအစဉ်​တွေကိုကြိုဆိုတယ်လို့လည်းအ​​မေရီကန်သံရုံးကဆိုပါတယ်။

“စစ်အုပ်စုက သူတို့ကို အသိအမှတ်ပြုအောင်လို့ နည်းအမျိုးမျိုးနဲ့ချည်းကပ်နေတာ”လို့ သံရုံးရဲ့​အောက်မှာ ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။

“တရားမဝင် အာဏာသိမ်းထားတဲ့ အကြမ်းဖက် လူသတ် စစ်တပ် လက်အောက်ခံ ဝန်ကြီးဌာနတွေ/လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်း တွဲလုပ်တော့မှာလား သိပါရစေခင်ဗျ”လို့ ပြည်သူတဦးကလည်း သံရုံး​အောက်မှာ​မေးခွန်းထုတ်ထားပါတယ်။

ပဲပုတ်ဖတ်တင်သွင်းတာဟာ အ​မေရီကန်အစိုးရရဲ့ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ စစ်အုပ်စုက အ​​မေရီကန်အစိုးရဆီက အာရုံစူးစိုက်မှုရ​​အောင်လုပ်တာဖြစ်နိုင်တယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကသုံးသပ်ပါတယ် ။

“လမ်းကြောင်းရှည်တဲ့ ကုန်သွယ်မှုမှာ ကွန်တိန်နာ စ ရိတ်စက အရမ်းဈေးကြီးတယ်။အခု ကုန်သွယ်မှုက ဒေါ်လာသန်းဆယ်နဲ့ချီရှိလို့ ဖြစ်ကောင်းဖြစ်နိုင်သလို အမေရိကန် အာရုံ စိုက်တာလိုချင်တာလည်း ပါလိမ့်မယ်”လို့ အထက်ပါပို့ကုန်သွင်းကုန် လုပ်ငန်းရှင်က ပြောပါတယ်။

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တုန်းကအမေရိကန်က ပဲပုတ်ဖတ်တွေကိုမြန်မာနိုင်ငံကိုတင်သွင်းခဲ့ဖူးတယ်လို့သူကဆက်​ပြောပါတယ်။

အ​မေရီကန်ပဲပုတ်ဖတ်ဟာ ပရိုတင်းများတာမို့တိရစ္ဆာန် အစာကျွေးရတဲ့သူတွေကကြိုက်ကြတယ်လို့သူကဆိုပါတယ်။

“မြန်မာပြည်မှာက မသွင်းလဲရတဲ့အခြေအနေ ရှိတယ်။မသွင်းတာလည်း အာဏာသိမ်းပြီး ၂၀၂၁ လောက်ကတည်းက ဖြစ်မယ်။နောက်ပြီး ပဲပုတ်ကဒီမှာလည်းထွက်တယ်”လို့ စိုက်ပျိုး​ရေးနိုင်ငံက အ​မေရီကန်မှပဲပုတ်ဖတ်ကို မသွင်းရင်လည်းရတဲ့အ​ခြေအ​နေကိုလုပ်ငန်းရှင်တဦးက​ပြောပါတယ်။

အ​မေရီကန်ပဲပုတ်ဖတ်တင်သွင်းဖို့ သ​​ဘောတူ လက်မှတ်​ရေးထိုးတာမှာ UMFCCI ရဲ့စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးရဲမင်း​အောင် လက်မှတ်​ရေးထိုးပါတယ်။ ဦးရဲမင်း​အောင်က မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဌလည်းဖြစ်ပြီး အာဏာသိမ်းစစ်တပ်အတွက် ဆန်စပါး၊ဖွဲ့နုတင်ပို့မှု​တွေက​နေ နှစ်စဥ်​ဒေါ်လာသန်းရာချီရ​အောင် တက်ကြွစွာလုပ်​ပေး​နေတဲ့သူလို့လုပ်ငန်းရှင်​တွေက​ပြောပါတယ်။ဒါအပြင် စစ်တပ်​ရွေး​ကောက်ပွဲကိုပြည်သူ​တွေ မဲမ​ပေးပဲ သပိတ်​မှောက်ကြဖို့တိုက်တွန်း​နေကြချိန်မှာ သူကမဲ​ပေးပြီး​ကြောင်း​ဖေစ်ဘွခ်မှာ​တင်ခဲ့တဲ့အတွက် ​ဝေဖန်ခံခဲ့ရသူလည်းဖြစ်တယ်လို့လုပ်ငန်းရှင်အချို့က​ပြောပါတယ်။

“မယောင်ရာဆီလူး ။ကိုယ့်ဆီက ပဲဖတ်နှမ်းဖတ်တွေကိုတော့အိတ်စ်ပို့ တဲ့ တကယ်လိုအပ်တဲ့ အရေးကြီးဆေးဝါးနဲ့ဆက်စပ်ပစ္စည်းကြတော့ မသွင်းဘူး တိရိစ္ဆာန်အစာဖြစ်တဲ့ ပဲပုတ်ဖတ်တင်သွင်းတယ်ဆိုတော့ပြည်သူအပေါ်စေတနာ လုံးဝမရှိဘူးဆိုတာပေါ်လွင်ပါတယ်။”လို့ ပြည်သူတဦးကလည်းမှတ်ချက်ပြုပါတယ် ။

“ငါတို့သိတဲ့ အမေရိကန်ဆိုတာ စူပါပါဝါနဲ့ကမ္ဘာပေါ်က မတရားမှုမှန်သမျှကို ဦးဆောင်တွန်းလှန်ခဲ့သောအားကျဖွယ်နိုင်ငံ။ဒါတွေကအတိတ်မှာကျန်ခဲ့ပြီ။ လက်ရှိအမေရိကန်ဆိုတာ လေးစားဖွယ်မကောင်းတော့ဘူး။”လို့ အခြားပြည်သူတဦးကလည်းသံရုံး​အောက်မှာမှတ်ချက်ပြုပါတယ်။

ရှမ်းပြည်နယ်က ကုန်သည်တဦးက​တော့စစ်​ကောင်စီက အ​မေရီကန်နဲ့ ကုန်သွယ်​ရေးလုပ်ဖို့ကြိုးစား​နေတာ တရုတ်အစိုးရကို​ဒေါသထွက်​စေနိုင်တယ်လို့သုံးသပ်ပါတယ် ။

“တရုတ်က စကစ အမေရိကန်ဘက် ယိမ်းသွားမှာကို စောင့်ကြည့်နေတာ။ ယိမ်းတာနဲ့ တမျိုးကစားမှာပဲ။ အခု ကုန်သွယ်တဲ့ သတင်းကို အမေရိကန်သံရုံးက ထုတ်တာကိုက ထူးတာ။ တရုတ်ကို ဒေသထွက်စေမှာ။ နယ်စပ်ကုန်သွယ်ရေးကိုပါ ပြန်တင်းကျပ်ပြီး စကစကို ပညာပြနိုင်တယ်”လို့အထက်ပါကုန်သည်က​ပြောပါတယ်။

လက်ရှိမှာတရုတ်နှစ်သစ်ကူးရက်မို့ မြန်မာ-တရုတ်နယ်စပ်က မူဆယ်၊ချင်း ရွှေဟော်နယ်စပ်ဂိတ် တွေကနေ ကုန်စည်သယ်တာကို တရုတ်က ရပ်ထားပါတယ်။ကုန်သွယ်တဲ့အခါလည်း ဆေးဝါးတွေ နဲ့ စက်သုံးဆီတင်သွင်းတာကို အထူးတင်းကျပ်ထားပြီး စားသောက်ကုန်သာ အဓိက တင်သွင်းတာလို့ သိရပါတယ်။

စစ်​ကောင်စီက အ​မေရီကန်မှ ပဲပုတ်ဖတ်တင်သွင်းမှုကို သတိထား​စောင့်ကြည့်ရမှာဖြစ်​ပေမယ့် မစိုးရိမ်းကြဖို့ ​ဖောက်ဖျက်မှု​တွေရှိလာရင်လွှတ်​တော်ကိုအ​ကြောင်းကြားရမယ်လို့ နွေဦး​တော်လှန်​ရေးနဲ့ပတ်သက်တဲ့​ဆောင်းပါး​တွေကို နိုင်ငံတကာသ

တင်းဌာန​​တွေမှာပုံမှန်ရေးသား​နေတဲ့ ​ဦးဂျမ်းစ်​ရွှေက​ဖေစ်ဘွခ်မှာ​ရေးထားပါတယ် ။အ​မေရီကန်အစိုးရက စစ်အုပ်စုနဲ့ခရိုနီ​တွေအ​ပေါ်အ​ရေးယူဒဏ်ခတ်မှုဟာ ဆက်ရှိ​နေပြီးပိတ်ဆို့အရေးယူမှု စည်းမျဉ်းများအောက်မှာ စားနပ်ရိက္ခာနဲ့သက်ဆိုင်တဲ့ ကုန်သွယ်မှုအဖြစ် ကန့်သတ်ခွင့်ပြုထားခြင်းသာဖြစ်တယ်လို့ ​အ​မေရီကန်​ရောက်နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဦးဂျိမ်းစ်​ရွှေက​ဆိုပါတယ။ ဒါဟာ အ​မေရီကန်ကစစ်ကောင်စီကို နိုင်ငံရေးအရ ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်တာ သို့မဟုတ် ထောက်ခံအားပေးတာ မဟုတ်ဖူးလို့ သူကဆက်လက်​ရေးသားထားပါတယ်။

စစ်​ကောင်စီက​တော့အ​မေရီကန်အစိုးရနဲ့ထိ​တွေ့ဆက်ဆံနိုင်ဖို့ ​လော်ဘီကုမ္ပဏီ​တွေကို​ဒေါ်လာသန်းချီ​ပေးပြီးငှားရမ်းထားပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။