Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေတပ်အတွက် အမေရိကန်လုပ် ဒုံးကျည် ဒေါ်လာ ၅ ဘီလီယံဖိုးနီးပါး ဝယ်ယူမယ်လို့ ဩစတြေးလျ ကြေညာ

အမေရိကန်လုပ် အဆင့်မြင့် ဒုံးကျည်တွေကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါး အသုံးပြုပြီး ရေတပ်အတွက် ဝယ်ယူ အားဖြည့်သွားမယ်လို့ ဩစတြေးလျက ကြေညာခဲ့ပါတယ်။

အမေရိကန်လုပ် အဆင့်မြင့် ဒုံးကျည်တွေကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါး အသုံးပြုပြီး ရေတပ်အတွက် ဝယ်ယူ အားဖြည့်သွားမယ်လို့ ဩစတြေးလျက ကြေညာခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့မှာ ဩစတြေးလျ ကာကွယ်ရေး စက်မှု ဝန်ကြီး ဌာနက အမေရိကန်ဆီက တာဝေးနဲ့ တာလတ်ပစ် ဒုံးကျည်တွေ ဝယ်ယူရေး သဘောတူညီချက် ရရှိခဲ့တဲ့ အကြောင်းကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အာရှ-ပစိဖိတ် ဒေသတွင်းမှာ တရုတ်ကို အကြောင်းပြုပြီး တင်းမာမှုတွေ မြင့်တက်လာတဲ့ အခြေအနေမျိုးမှာ ဩစတြေးလျရဲ့ ထိရောက်မြင်သာတဲ့ စစ်လက်နက် ဖြည့်တင်းမှု တစ်ခုလည်း ဖြစ်လာပါတယ်။

ဩစတြေးလျ အစိုးရဟာ အခုနှစ်ထဲမှာတော့ ဒေသတွင်း တရုတ်ရဲ့ ဖိနှိပ်ရေး လမ်းစဉ်တွေကို တန်ပြန်မယ့် မဟာဗျူဟာ အခင်းအကျင်းသစ် တစ်ခုကို ရေးဆွဲထားခဲ့ပြီး လက်တွေ့ အကောင်အထည် ဖော်ရာမှာ အခုဒုံးကျည်တွေက အများကြီး အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စုစုပေါင်း ဒေါ်လာ ၄.၇ ဘီလီယံလောက် အကုန်အကျခံ ဝယ်ယူမယ့် ဒုံးကျည်တွေဟာ ဩစတြေးလျ ရေတပ်ရဲ့ ကာကွယ်ရေး စွမ်းရည်ကို အများကြီး အဆင့်မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့ ဝါရှင်တန်ကို ရောက်ရှိနေခဲ့တဲ့ ကာကွယ်ရေး စက်မှု ဝန်ကြီး ပတ်ကွန်ရွိုင်က ပြောပါတယ်။

ဩစတြေးလျ ရေတပ်က ဝယ်ယူတပ်ဆင်မယ့် ဒုံးကျည်တွေဟာ သင်္ဘောတွေမှာ တပ်ဆင်ပြီး လေယာဉ်တွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချနိုင်မယ့် SM-6 အမျိုးအစားတွေနဲ့ တာလတ် ပစ်မှတ်တွေကို ချေမှုန်းနိုင်မယ့် SM-2 Block III C အမျိုးအစားတွေ ဖြစ်ပါတယ်။

ကွန်ရွိုင်က ဩစတြေးလျဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ကြုံဖူးသမျှ အရှုပ်ထွေးဆုံး ပထဝီဝင် မဟာဗျူဟာ အခင်းအကျင်းတွေကို ကိုင်တွယ်နေရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နည်းပညာပိုင်းအရ ကမ္ဘာ့ရှေ့ဆောင် အဆင့်လို့ သတ်မှတ်နိုင်မယ့် ဒုံးကျည် အသစ်တွေဟာ ရန်သူမှန်သမျှကို တွန်းလှန် ဟန့်တားနိုင်ပြီး မျက်မှောက်ကာလ ဒုံးကျည်ခေတ်မှာ ဩစတြေးလျရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို အကာအကွယ် ပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန်ဆီက ရောက်ရှိလာမယ့် ဒုံးကျည်တွေကို ဩစတြေးလျရဲ့ Hobart အမျိုးအစား ဖျက်သင်္ဘောတွေမှာ တပ်ဆင်ရေး ဦးစားပေး ဆောင်ရွက်မှာ ဖြစ်သလို အနာဂတ်မှာ ပိုင်ဆိုင်လာဖို့ ရည်ရွယ်ထားတဲ့ Hunter အမျိုးအစား ရေငုပ်သင်္ဘောဖျက် ဖရီးဂိတ် စစ်သင်္ဘောတွေမှာလည်း တပ်ဆင်သွားမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ဩစတြေးလျ အစိုးရဟာ ဧပြီလတုန်းက ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ မြှင့်တင်မယ့် မဟာဗျူဟာ အစီအမံသစ်တွေကို မိတ်ဆက် ကြေညာခဲ့ပါတယ်။ အထူးသဖြင့် ပြိုင်ဘက် နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် တိုက်ခိုက်ရေး စွမ်းရည်မှာ အားနည်းချက်တွေ ရှိနေဆဲလို့ ယုံကြည်ရတဲ့ လေကြောင်းနဲ့ ရေတပ်ဖွဲ့တွေကို ဦးစားပေး အဆင့်မြှင့်တင်သွားနိုင်ဖို့ ဩစတြေးလျ အစိုးရက ရည်မှန်းထားပါတယ်။

ကာကွယ်ရေး ဝန်ကြီး ရစ်ချတ်မားလ်စ်က ဩစတြေးလျ ရေတပ်ဟာ အမေရိကန် ဒုံးကျည်တွေ တပ်ဆင်လိုက်ခြင်းအားဖြင့် တိုက်ရည်ခိုက်ရည်မှာ အများကြီး တိုးတက်လာနိုင်သလို ရန်သူ့ဒုံးကျည်တွေကို တန်ပြန် ဖျက်ဆီးနိုင်တဲ့ ကာကွယ်ရေး စွမ်းရည်ကိုလည်း မြှင့်တင်ပြီးသား ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ဖျော်ဖြေပွဲစင်မြင့်တွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော် မောင်‌မောင်ဇော်လတ် ပါဝင်တဲ့ ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဩဂုတ်လ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။