Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်နေရာကို စစ်ကောင်စီတပ်၊ကသည်းသူပုန် နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းဝင်ရောက်လာ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲပွားခဲ့ရာ စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီးတစ်ဦးအရှင်ဖမ်းမိထားကာ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။

တမူးခရိုင် တပ်ရင်း (၄)မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Tamu PDF

လူအေး/People’s Spring

တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်နေရာကို စစ်ကောင်စီတပ်၊ကသည်းသူပုန် နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းဝင်ရောက်လာ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲပွားခဲ့ရာ စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီးတစ်ဦးအရှင်ဖမ်းမိထားကာ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။

တမူမြို့ နမ့်မွန်းတားရွာအနီးတွင်အောက်တိုလာလ၂၃ရက်နံနက်က တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တဲ့သတင်းကြားတယ်။ စုံစမ်းကြည့်တော့ ကိုယ့်ကလေး ၃ ယောက်ကျတယ်။ စစ်ကောင်စီဘက်ကလည်း ၃ယောက်သေတယ်။ ကသည်းတစ်ယောက်အရှင်မိထားတယ်” ဟု ပြောသည်။

ကျဆုံးသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးမှာ တမူးခရိုင်တပ်ရင်း(၄)မှဖြစ်သည်။ တိုက်ပွဲတွင် တမူးခရိုင်တပ်ရင်း(၄)က ရဲ​​ဘော် သုံးဦးကျဆုံးခဲ့​ကြောင်းအတည်ပြု သတင်းထုတ်ပြန်ထားသည်။

“ဒီနေ့ တိုက်ပွဲတွင် မိမိတို့တပ်ရင်းမှ ကြယ်သုံးပွင့် ကြွေလွင့်။ ပန်ထွာဘုရင်မရဲ့ ပရိသတ်များ မည်သည့်ဝမ်းနည်းကြောင်းမျှ လာမပြသပါရန် တင်းတင်းကျပ်ကျပ် တားမြစ်သည်”ဟု တမူးခရိုင်တပ်ရင်း(၄)က ​ဖော်ပြထားသည်။

တမူးမြို့နယ်တွင် ပြီးခဲ့သည့်မေလက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးအခြေအနည်းငယ်ငြိမ်သက်‌နေခဲ့သည်။တမူးမြို့နယ် မှ ခမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နှစ်ကုန်ပိုင်းတွင်သိမ်းပိုကိထိန်းချုပ်ခဲ့ပြီး စစ်​ကြောင်းထိုးလာ​သော စစ်တပ် စစ်​ကြောင်းများကိုလည်း​တော်လှန်​ရေးတပ်များက ​​အကြိမ်ကြိမ်အောင်မြင်စွာခုခံတိုက်ခိုက်​ချေမှုန်းနိုင်ခဲ့ကြသည်။

စစ်ကောင်စီတပ်သည် ပန်းသာကျေးရွာ နှင့် တမူးမြို့ပေါ်တွင် တပ်စွဲထားသည်။အောက်တိုဘာ ၂၃ ရက်တိုက်ပွဲသည် ပန်းသာရွာမှ စစ်ကောင်စီပူးပေါင်းအင်အား၁၀၀ ကျော်က စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားခြင်းဟုသိရသည်။

နှစ်နာရီခန့်ကြာသည့်တိုက်ပွဲအတွင်း အရှင်ဖမ်းမိထားသူမှာ ကသည်းသူပုန်တပ်ဖွဲ့မှ ဖြစ်ကြောင်းစုံစမ်းသိရသည်။

မြန်မာ-အိန္ဒိယနယ်စပ်နေရာအချို့၌ခိုအောင်းနေထိုင်​သောကသည်းလက်နက်ကိုင်အဖွဲ့အချို့သည်စစ်ကောင်စီလက်အောက်ခံအဖြစ်လှုပ်ရှားနေကြသည်။

မြန်မာ-အိန္ဒိယနယ်စပ်နေရာများ၌ လှုပ်ရှားနေသော ကသည်းသူပုန်အဖွဲ့များမှာ UNLF (United National Liberation Front)၊ PREPAK (People’s Revolutionary Party of Kangleipak )၊ PLA(People’s Liberation Army)၊ KCP (Kangleipak Communist Party)အပါအဝင် ဆယ်ဖွဲ့ထက်မနည်းရှိနေသည်။

အချို့အဖွဲ့များသည် အန္ဒိယအစိုးရနှင့် ငြိမ်းချမ်း​ရေးယူပြီးလက်​အောက်၌ တာဝန်ထမ်း​ဆောင်နေသည်။အချို့အဖွဲ့များမှ စစ်​ကောင်စီနှင့် ပူး​ပေါင်း၍ ​​နွေဦး​တော်လှန်​ရေးတွင်​ပေါ်​ပေါက်လာ​သော​တော်လှန်​ရေးအင်အားစုများကို မကြာခဏတိုက်ခိုက်သည်။

မြန်မာ-အိန္ဒိယနယ်စပ်တွင် ကူကီး​တော်လှန်​ရေးအဖွဲ့များလည်းရှိပြီး ​နွေဦး​တော်လှန်​ရေးအဖွဲ့များနှင့် ပူး​ပေါင်း၍ တိုက်ပွဲအချို့တွင်စစ်​တပ်အားတိုက်ခိုက်​​ပေးခဲ့သည်။

အောက်တိုဘာလ၂၄ရက်တွင်မူ တမူးမြို့နယ်အတွင်း စစ်ရေးအခြေအနေငြိမ်သက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။