Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ကုန်စည်စီးဆင်းမှု တားမြစ်ထိန်းချုပ်ထားဟု IEC ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ထိန်းချုပ်ထားမှု၊အကူအညီပေးသည့်အဖွဲ့အစည်းများ ကန့်သတ်မှုနှင့် ကုန်စည်စီးဆင်းမှုကို တားမြစ်ထိန်းချုပ်ထားကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ယနေ့ ထုတ်ပြန်သည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှ ဒေသခံများ ရေဘေးကြောင့် ရွှေ့ပြောင်းနေသည် ကို စက်တင်ဘာအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ထိန်းချုပ်ထားမှု၊အကူအညီပေးသည့်အဖွဲ့အစည်းများ ကန့်သတ်မှုနှင့် ကုန်စည်စီးဆင်းမှုကို တားမြစ်ထိန်းချုပ်ထားကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

ထို့ကြောင့် ကရင်နီပြည်နယ်အတွင်း သဘာဝဘေးဆိုင်ရာအကျပ်အတည်းများနှင့် လူသားချင်းဆိုင်ရာ အကူအညီလိုအပ်ချက် အလွန်ကြီးမားနေသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်ပြည်သူနှင့် ရေဘေးသင့်ပြည်သူများ၏ ကြုံတွေ့နေရသော ခက်ခဲ​သော စိန်ခေါ်မှုများကို နိုင်ငံတကာက သိရှိပြီး စာနာထောက်ထားပေးရန် နှင့် ကူညီပံ့ပိုးမှုများတိုးမြှင့်ပေးရန်လည်း IECက မေတ္တာရပ်ခံသည်။

“ရေဘေးနဲ့ စစ်ဘေး ရောသွားတော့ ကရင်နီလူထုက ပိုဒုက္ခရောက်ခဲ့ရတယ်။ဆိုးတာက ပြည်မ ဘက်ကနေ ကရင်နီထဲကိုဝင်မယ့် စားနပ်ရိက္ခာလမ်းကြောင်းတွေကိုလည်း စစ်တပ်က ပိတ်နေတယ်။အဘက်ဘက်က အကြပ်အတည်းတွေ ရှိတယ်။ရေဘေးကြုံခဲ့ရတဲ့သူတွေအတွက်တောင် ကယ်ဆယ်ရေးမပြီးသေးဘူး။အခု စစ်တပ်ရဲ့ ထိုးစစ်ကလည်း ဖယ်ခုံဘက်မှာစနေပြီ။ပွင့်လင်းရာသီမှာက တိုက်ပွဲပိုဆိုးလာဖို့ပဲရှိတော့ လူထုအတွက် စားနပ်ရိက္ခာက လိုနေကြတယ်။တ ခြားအရေးပေါ်လိုအပ်ချက်တွေကလည်းများပါတယ်”ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

IEC၏ အချက်အလက်များအရ လူသားချင်းစာနာ ထောက်ထားမှုအကူအညီလိုအပ်ချက် များသည် စားနပ်ရိက္ခာ၊ပျက်စီးသွားသော နေအိမ်များပြန် လည်ထူထောင်ခြင်း၊ရေလွှမ်းပျက်စီးသည့် လယ်ယာစိုက်ပျိုးသီးနှံများကို ပြန်လည်ကုစားခြင်းနှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်။

ထို့အပြင် ကဏ္ဍတစ်ခုချင်းအလိုက် လိုအပ်ချက် မှာ ရေဘေးသင့် ပြည်သူနှင့် စစ်ဘေးရှောင် လူဦးရေ ၁၅၀,၀၀၀အတွက် တစ်လတာစားနပ်ရိက္ခာ အတွက် အမေရိကန်ဒေါ်လာ ၃,၀၅၆,၈၁၇ ၊ရေလွှမ်းပျက်စီးသွားသည့် စိုက်ပျိုးဧက တစ်သောင်းကျော် ပြန်လည်ကုစားရေးအတွက် ဒေါ်လာ ၃,၅၆၇,၅၈၅ လိုအပ်ကြောင်း IEC က ဖော်ပြသည်။

ပျက်စီးသွားသော နေအိမ် ၁,၉၄၇လုံး ပြန်လည် ထူ ထောင်ရေးအတွက် ဒေါ်လာ ၇၃၇,၅၀၀နှင့် အိမ်အသုံးဆောင်ပစ္စည်းများအတွက် ဒေါ်လာ လေးသောင်းနီးပါး လိုအပ်သည်ဟု ဆိုသည်။

ကရင်နီပြည်နယ်အတွင်း စက်တင်ဘာအစောပိုင်းကစ၍ ရေကြီးရေလျှံ မြေပြိုမှုများကြောင့် လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးမော့ဆို ၊ဘောလခဲ​၊မော်ချီး၊ ရှားတော၊မယ်စဲ့ နှင့် ဖယ်ခုံမြို့နယ်များရှိ စစ်ဘေးရှောင်စခန်း (၁၆)ခု နှင့် ကျေးရွာ (၅၄)ရွာရှိ လူဦးရေသုံးသောင်းခန့်မှာ ရေဘေးသင့်ခဲ့ကာ ၂၅ဦး သေဆုံးခဲ့သည်။

လက်ရှိတွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ ပင်လောင်းနှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုတော် လှန်ရေးနယ်မြေဖြစ်လာသည့် ကရင်နီပြည်နယ် တွင် စက်တင်ဘာလကုန်အထိ စစ်ဘေးရှောင်နေရသည့် ပြည်သူ ၂၈၂,၆၁၅ ဦးရှိကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။