Connect with us

Hi, what are you looking for?

News

ရန်ကုန်ဆေးတက္ကသိုလ် (၂)ကျောင်းသား ကျဆုံးမှု CNF ဝမ်းနည်းကြောင်းထုတ်ပြန်

ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြအပ်သည်ဟု CNFက ထုတ်ပြန်ခဲ့ပြီး ဒေါက်တာနိုင်ထူးလွင် တစ်ယောက် အေးချမ်းရာ ဘုံဘ၀ ရောက်ပါစေကြောင်း ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA) နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့သည့် ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသားကိုနိုင်ထူးလွင် ကျဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း CNFက ယနေ့ ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်မတော်(CNA) ဆေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ နိုင်ထူးလွင်သည် ရှေ့တန်းတစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း အောက်တိုဘာ ၁၅ရက်တွင် မိမိ သစ္စာပြုသော အမျိုးသားရေးအတွက် အသက်ပေးလှူသွားကြောင်း၊ ၎င်း၏ ပေးဆပ်မှုအပေါ် CNF/CNA က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြထားသည်။

ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြအပ်သည်ဟု CNFက ထုတ်ပြန်ခဲ့ပြီး ဒေါက်တာနိုင်ထူးလွင် တစ်ယောက် အေးချမ်းရာ ဘုံဘ၀ ရောက်ပါစေကြောင်း ဖော်ပြထားသည်။

ကိုနိုင်ထူးလွင်သည် ဖလမ်းမှ ဟားခါးသို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းစဉ် ဖလမ်း-ဟားခါးလမ်း တိုက်ပွဲ၌ CNF နှင့်အတူ တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရုပ်အလောင်းကို ဖလမ်း- ဟားခါး လမ်းတွင် ရီယာလ်သီး ရွာအနီး ကားလမ်းဘေး တစ်နေရာတွင် အောက်တိုဘာ ၂၃ရက်က တွေ့ရှိခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။