Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ စတိုးဖွင့်ထားတဲ့အိမ်သူခိုးဝင်ပြီးအိမ်ရှင်​တွေကိုတိုက်ခိုက်လို့တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

(စစ်တပ်အာဏာမသိမ်းခင်က ရန်ကုန်မြို့တစ်​နေရာမြင်ကွင်း။ဓါတ်ပုံ-CJ )

အောက်တိုဘာ-၂၂၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကိုယ်တိုင်ပဲ လုံခြုံနေဘို့ ဂရုစိုက်ရပါမယ်။ည ၁ နာရီ ကျော်မှာ အိမ်ရှင်တရေးနိုး သူခိုးနဲ့ပက်ပင်းတိုးလို့ ဓားနဲ့ထိုးပြီးထွက်ပြေးရာမှာ ၂၄ နှစ်ကျားတဦး သေဆုံးပြီး ၆၀ ကျော် မ တဦးဆေးရုံ အရေးပေါ် ရောက်သွားပါတယ်။နေ့ရော ညပါ မပေါ့ဆသင့်တော့ပါဘူး” လို့ ဒေသခံတစ်ဦးက အသိပေးထားပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက် ၁ နာရီကျော်က မင်္ဂလာတောင်ညွှန့် မြို့နယ် ပုသိမ်ညွှန့် ရပ်ကွက်ကစတိုးဆိုင်ဖွင့်ထားတဲ့အိမ်ကိုသူခိုးကဝင်ခိုးခဲ့ပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ရဲ့နောက်ဖေးဘက်ကနေသံပန်းတွေကို ဖြတ်ဝင်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။

သေဆုံးသွားတဲ့ လူငယ် က ဂျပန်ကိုသွားဖို့ စောင့်ဆိုင်းနေသူဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အမျိုးသမီးကြီးကတော့ ဆရာမ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကိုကျူးလွန်တာက အမျိုးသားသုံးဦးဖြစ်ပြီး တစ်ဦးကို ဖမ်းဆီးထားနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်​သေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံစီးပွား​ရေးကြပ်တည်းလာပြီး အ​ထွေ​ထွေကုန်ဈေးနှုန်းတွေအဆမတန်ကြီးမားလာသလို၊ အလုပ်အကိုင်အခွင့်အလမ်း​တွေနည်းလာပြီး တရားဥပ​ဒေစိုးမိုးမှု ​လျော့နည်းလာပါတယ် ။ ဒီအ​ခြေအ​နေမှာ ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာခိုးဆိုးလုယက် သတ်ဖြတ်မှုတွေ၊ဒုစရိုက်မှု​တွေ ပိုများလာတာလို့ ပြည်သူတွေက ​ပြောကြပါတယ်။

ရန်ကုန်မြို့မှာ ဒီ‌နှစ်အတွင်း ပစ္စည်းလုယက် လူသတ်တာတွေ ဆက်တိုက်ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ရင်ဖွင့်ထားကြပါတယ်။

ကုန်ဈေးနှုန်းတွေအဆမတန်တက်ပြီး ပြည်သူတွေကြပ်တည်းနေပေမယ့် စစ်တပ်ကတော့ ရန်ကုန်မြို့က မြို့နယ်တိုင်းမှာ ဈေးပွဲတော်တွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။