Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်ဆေးတက္ကသိုလ် (၂)ကျောင်းသား ကျဆုံးမှု CNF ဝမ်းနည်းကြောင်းထုတ်ပြန်

ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြအပ်သည်ဟု CNFက ထုတ်ပြန်ခဲ့ပြီး ဒေါက်တာနိုင်ထူးလွင် တစ်ယောက် အေးချမ်းရာ ဘုံဘ၀ ရောက်ပါစေကြောင်း ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA) နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်ခဲ့သည့် ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသားကိုနိုင်ထူးလွင် ကျဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း CNFက ယနေ့ ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်မတော်(CNA) ဆေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ နိုင်ထူးလွင်သည် ရှေ့တန်းတစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း အောက်တိုဘာ ၁၅ရက်တွင် မိမိ သစ္စာပြုသော အမျိုးသားရေးအတွက် အသက်ပေးလှူသွားကြောင်း၊ ၎င်း၏ ပေးဆပ်မှုအပေါ် CNF/CNA က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြအပ်သည်ဟု CNFက ထုတ်ပြန်ခဲ့ပြီး ဒေါက်တာနိုင်ထူးလွင် တစ်ယောက် အေးချမ်းရာ ဘုံဘ၀ ရောက်ပါစေကြောင်း ဖော်ပြထားသည်။

ကိုနိုင်ထူးလွင်သည် ဖလမ်းမှ ဟားခါးသို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းစဉ် ဖလမ်း-ဟားခါးလမ်း တိုက်ပွဲ၌ CNF နှင့်အတူ တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရုပ်အလောင်းကို ဖလမ်း- ဟားခါး လမ်းတွင် ရီယာလ်သီး ရွာအနီး ကားလမ်းဘေး တစ်နေရာတွင် အောက်တိုဘာ ၂၃ရက်က တွေ့ရှိခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။