အောက်တိုဘာ-၂၂၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှေ့က MG EV Charging Station မှာ အမျိုးသမီး ၁ဦးကို လူငယ် ၃ဦးက ပြန်ပေးဆွဲခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လူငယ်တွေလို့ သိရတယ်။ တစ်ယောက်က ကားကို မောင်းသွားတယ်။ နှစ်ယောက်က ကားပေါ်ကိုခေါ်တင်သွားတယ်” လို့ CCTV မှတ်တမ်းတွေအရ သိရတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေသူဟာ မနှင်းလဲ့လဲ့ပိုင် ဖြစ်ပြီး အောက်တိုဘာ ၂၁ရက် ညနေ ၆ နာရီခွဲလောက်မှာ EV ကားအားသွားသွင်းရင်း အဆက်အသွယ်ပြတ်တောက်ကာ ကားရောလူပါ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေကလည်း လူမှုကွန်ရက်မှာ အကူအညီတောင်းခံထားကြပါတယ်။

Public Service Announcement
ကားအမျိုးအစားက Dongfeng Nammi EV ဖြစ်ပြီး ကားနံပါတ်က HH-4713 ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပျောက်ဆုံးသူကYP Educationတည်ထောင်သူဖြစ်ပြီးကူညီရှာဖွေပေးကြဖို့YP Education ရဲ့ပေ့ချ်မှာ ဒီနေ့(အောက်တိုဘာ၂၂)မှာ တင်ထားပါတယ်။
“လောလောဆယ်အထိတော့ရှာဖွေတုန်းပါ” လို့ YP Education ကိုဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားပါတယ်။
ပျောက်ဆုံးသူကိုတွေ့ရှိရင် 09254065870 ၊ 09972429048 တွေကိုဆက်သွယ်နိုင်တယ်လို့ YP Education က အသိပေးထားပါတယ်။




















































