Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်တွင် နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံး၊ နေအိမ်များ ပျက်စီး

နိုဝင်ဘာ ၈ ရက်ကလည်း ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ဦးအား သတ်ဖြတ်ကာ သုံးဦးအား ဖမ်းဆီးသွားသည်။

(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ်များပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(နိုဝင်ဘာ ၁၇ရက်) ညနေ ၄ နာရီ မိနစ် ၂၀ခန့်က ကျွန်းလှမြို့နယ်၊လိပ်ဆင်းတောင်ကျေးရွာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ရာ အမျိုးသားတစ်ဦးသေဆုံးပြီး ကားဝပ်ရှော့တစ်ခုရှိ ကားများနှင့် နေအိမ် သုံးလုံးပျက်စီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

” ဘာတိုက်ပွဲမှမရှိဘူး။ နှစ်ရက်ဆက်တိုက် လေယာဥ်ပစ်နေတာ။ ကျွန်းလှမီးအိမ်ရှင်ဆိုတဲ့ Page စကစ Pageပေါ့။ သူတို့ Pageက ပြောသမျှဟာတွေကို အကုန်လုံးကိုလိုက်ပြီး ပစ်နေတာ။ ဟိုနားPDF ရှိတယ်ပြော ဒီနား PDFရှိတယ်ပြော။ တကယ်တမ်း ရွာထဲတွေ။ ဒီတိုင်းနေနေတဲ့ စျေးဆိုင်တွေကော ဝပ်ရှော့တွေကော အကုန်ပစ်တာ။”ဟု အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

အလားတူ ယမန်နေ့(နိုဝင်ဘာ ၁၆ ရက်) ညနေ ၅ နာရီခွဲခန့်နှင့် ၇ နာရီခွဲခန့်ကလည်း ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ ရွာကုန်းကြီးကျေးရွာအား ဂျက်ဖိုက်တာ၂စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့မီးလောင်ပျက်စီးကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

နိုဝင်ဘာ ၈ ရက်ကလည်း ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ဦးအား သတ်ဖြတ်ကာ သုံးဦးအား ဖမ်းဆီးသွားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။