Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်တွင် စစ်တပ်က ကျေးရွာမီးရှို့ပြီး ပြည်သူ ၂ဦး သတ်ဖြတ်သွား

ဘအင်းသရက်တောရွာသည် ၂၀၂၃ ဇန်နဝါရီ ၃၀ ရက်ကလည်း စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၃ လုံး ပြာကျခဲ့သေးသည်။

(ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဘအင်းသရက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၂ဦး သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲခန့်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောကျေးရွာအား စစ်ကောင်စီတပ်နှင့်ပျူစောထီး အင်အား ၁၂၀ ခန့်ကဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာရှိ အမျိုးသားနှစ်ဦးအား သတ်ဖြတ်ကာ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးအား ဖမ်း​ဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“ဖမ်းခံရတာ ၅ ယောက်ထဲ မိန်းကလေးတွေရောပါတယ်။ ယောကျာ်းလေး ၂ယောက်က အသတ်ခံလိုက်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ ၆ရက် ည ၇ နာရီတွင် ကန့်ဘလူမြို့အခြေစိုက် အမှတ်(၆၀၀၆)တင့်ကားတပ်မှ ကျွန်းလှမြို့သို့ ကားနှစ်စီးဖြင့် ရောက်ရှိလာ‌သော အင်အား ၇၀ ခန့်ပါစစ်ကြောင်းဖြစ်သည်။

နိုဝင်ဘာ ၈ရက်တွင် ကျွန်းလှမြို့နှင့် ပေကုန်းကျေးရွာမှ ပျူစောထီးများ ပူးပေါင်းပြီး ဘအင်းသရက်တောရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် ဘအင်းသရက်တောရွာအား မီးရှို့ဖျက်ဆီးပြီးနောက် ကျွန်းလှမြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သ​ည် ကန့်ဘလူမြို့နယ်၌ နိုဝင်ဘာလဆန်းပိုင်းအတွင်း နေအိမ် ၈၀၀ နီးပါး မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၉၂ ဦးအား ဖမ်းဆီးသွားခဲ့ပြီး အဆိုပါ ပြည်သူများမှာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးပေ။

ဘအင်းသရက်တောရွာသည် ၂၀၂၃ ဇန်နဝါရီ ၃၀ ရက်ကလည်း စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၃ လုံး ပြာကျခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။