Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များစစ်ရေးလှုပ်ရှားလာဟု KIA အသိပေး

စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနှင့် လုံဂါကုန်းကျေးရွာ များ၌ တပ်စွဲလျက်ရှိသည်ဟုသိရသည်။

(ပူတာအို ​ဒေသကို​တွေ့ရစဥ် ။ဓါတ်ပုံ-Putao City Star)
(ပူတာအို ​ဒေသကို​တွေ့ရစဥ် ။ဓါတ်ပုံ-Putao City Star)

ထားမြတ်/People’s Spring

ကချင်ပြည်နယ် ပူတာအိုမြို့ဒေသ အချို့တွင်စစ်ကောင်စီနှင့် ပြည်သူ့စစ်များ စစ်ရေးလှုပ်ရှားလာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့(နိုဝင်ဘာ ၂၂ရက်)ညတွင် သတင်းဖော်ပြသည်။

စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ပြုလုပ်လာ၍ ပူတာအိုဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်းဌာနေပြည်သူများ၏ ပြောကြားချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေး ဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနှင့် လုံဂါကုန်းကျေးရွာ များ၌ တပ်စွဲလျက်ရှိသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထိုသို့တပ်စွဲထားသည့်အပြင် စစ်ကြောင်းလှုပ်ရှားမှုများ ရှိနေ၍ စစ်ဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေကြရသည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်သူများကို ဒိုင်းကာအဖြစ် အသုံးပြုပြီး ရွာအတွင်းတပ်စွဲထားခြင်းဖြစ်၍ ဒေသခံများတကျော့ပြန် စစ်ရှောင်ရမည်ဟို စိုးရိမ်နေကြရခြင်းဖြစ်သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ပူတာအိုဒေသသည် KIA တပ်မဟာ(၁) နယ်မြေ ဖြစ်ပြီး ယင်းဒေသ၌ ယခု နှစ်ပိုင်းအတွင်းတိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားမှု မရှိသေးပေ။

KIA အနေဖြင့် လက်ရှိတွင် မြို့သိမ်း စခန်းသိမ်းစစ်ဆင်ရေးများကို တဆင့်ပြီးတဆင့်ဖော်ဆောင်လျက်ရှိရာ ပြီးခဲ့သည့်လများအတွင်း ကချင်အထူးဒေသ(၁)နယ်မြေ ဆဒုံး၊ ချီဖွေ၊ဆော့လော်၊ ပန်ဝါ၊ ဖီမော်၊ ကန်ပိုက်တီမြို့များကိုသိမ်းပိုက်ထားသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များက ကချင်အထူးဒေသ(၁)ရှိ နယ်ခြား​စောင့်တပ် နှင့် ပြည်သူ့စစ်အဖွဲ့များမှာ KIA ကိုအမှန်တကယ် မတိုက်ကြ​ကြောင်း ပူတာအို​ဒေသရှိ ပြည်သူ့စစ်များကသာ KIA ကို အမှန်တကယ်တိုက်ခိုက်မည်ဖြစ်​ကြောင်းလှုံ့​ဆော်​ရေးသား​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။