Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းမှာ လုံလောက်တဲ့ဆေးကုခွင့်မရလို့ နိုင်ကျဉ်း ၁၈ ဦးသေဆုံး

ဒီစာရင်းကဇန်နဝါရီလကနေ နိုဝင်ဘာလ ၂၅ ရက်အထိဖြစ်ပြီး နိုင်ကျဉ်း အမျိုးသား ၁၆ ဦး ၊အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ရတာ လို့သိရပါတယ်။

လုံလောက်တဲ့ဆေးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့နိုင်ကျဉ်းအချို့
လုံလောက်တဲ့ဆေးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့နိုင်ကျဉ်းအချို့

ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ရှိတဲ့ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတာကြောင့် သေဆုံးရတဲ့နိုင်ငံရေး အကျဉ်းသူ ၊ အကျဉ်းသားဦးရေ က အခုနှစ် ၁၁ လတာအတွင်း ၁၈ ဦးထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

ဒီစာရင်းကဇန်နဝါရီလကနေ နိုဝင်ဘာလ ၂၅ ရက်အထိဖြစ်ပြီး နိုင်ကျဉ်း အမျိုးသား ၁၆ ဦး ၊အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ရတာ လို့သိရပါတယ်။

သေဆုံးမှုတွေက အိုးဘိုထောင် ၊ ဒိုက်ဦးထောင်၊ သာယာဝတီထောင် ၊ ကျိုက်မရောထောင် ၊ မကွေးထောင် ၊သရက်ထောင် ၊ ကလေးထောင် ၊ ပြည် အကျဉ်းထောင် ၊ ထားဝယ် ထောင်နဲ့ မြင်းခြံထောင်တွေ မှာ ဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ကိန်းဂဏန်းတွေအရ ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက် မှု မရလို့ တစ်လကိုအနည်းဆုံး နိုင်ကျဉ်း ၁ ဦး သေဆုံးနေရတာတွေ့ရပါတယ်။

သေဆုံးရတဲ့ နိုင်ကျဉ်းတွေဟာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရတာကြောင့် ရောဂါကျွမ်းပြီး သေဆုံးရတာတွေအပြင် စစ်ကြောရေးမှာရရှိတဲ့ဒဏ်ရာတွေကို ဆေးကုသခွင့်မရတာ၊ ထောင်ဝန်ထမ်းတွေရဲ့ရိုက်နှက်မှု​ကြောင့် ရရှိတဲ့ ဒဏ်ရာတွေကိုဆေးကုမပေးတာတွေကြောင့် လည်းပါဝင်ပါတယ်။

လုံးလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့သူတွေထဲမှာ ယခုလပိုင်းအတွင်း မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ၊ လျှပ်စစ်၊ စွမ်းအင်ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နဲ့ ဝါရင့်နိုင်ငံရေးအကျဥ်းသား ဦးစိန်လင်းလည်းပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကလည်း ထောင်တွင်းမှာလုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတဲ့အတွက် နိုင်ငံရေးအကျဥ်းသား၁၅ဦး၊ အကျဥ်းသူ ၂ဦး၊ စုစုပေါင်း ၁၇ဦးသေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ – PPNM

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။