Connect with us

Hi, what are you looking for?

သတင်း

ထောင်ထဲ ဆင်းကဒ်သွင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ကျဉ်း ၂ ဦးကို ရိုက်နှက်တိုက်ပိတ်

အကျဉ်းထောင်တွင်း အဖိနှိပ်ခံအကျဉ်းသားအရေး၊ ထောင်အာဏာပိုင်တွေရဲ့ ဉပဒေ မဲ့ လုပ်ရပ်တွေကို ဝေဖန်ထောက်ပြတဲ့အတွက် အခုလို အငြိုးထား ပြီး ​ရိုက်နှက်တိုက်ပိတ်ခံရတာလို့ ဆိုပါတယ်။

ထောင်ထဲ ဆင်းကဒ်သွင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ကျဉ်း ၂ ဦးကို ရိုက်နှက်တိုက်ပိတ်
ထောင်ထဲ ဆင်းကဒ်သွင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ကျဉ်း ၂ ဦးကို ရိုက်နှက်တိုက်ပိတ်

ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ထောင်တွင်းဖုန်း ဆင်းကဒ် သွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ခြေချင်းခတ်ပြီး တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က နိုဝင်ဘာလ ၁၁ ရက်က ထုတ်ပြန်အသိပေးပါတယ်။

ထောင်ဝင်စာပေးပို့တဲ့ ပါဆယ်စာအုပ်ထဲမှာ ဖုန်းဆင်းကဒ် ပါလာတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုထွဋ်ပိုင်မှုးနဲ့ ကိုပြည့်စုံအောင်တို့ကို ရိုက်နှက်ပြီး နိုဝင်ဘာလ ၁ရက်ကစတင် တိုက်ပိတ်ခဲ့တာလို့ သိရပါတယ်။

ရိုက်နှက်ခံရလို့ ဒဏ်ရာရပေမယ့် ဆေးကုသခွင့်မရဘဲ ခြေချင်းခတ်ပြီး တိုက်ပိတ်ထားတာပါ။

Public Service Announcement

Public Service Announcement

“သူတို့၂ဦးလုံးက ထောင်အာဏာပိုင်တွေရဲ့ ငြိုငြင်မှုနဲ့ မျက်စိဆံပင်မွှေးစူးတဲ့အကြောင်းပြချက်နဲ့ ရှေ့ဖြစ်စဥ်တွေကတည်းက ရိုက်နှက်ခံနှက်ခံရတာမျိုးလည်းရှိခဲ့တယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ကိုသိုက်ထွန်းဦးကပြောပါတယ်။

အကျဉ်းထောင်တွင်း အဖိနှိပ်ခံအကျဉ်းသားအရေး၊ ထောင်အာဏာပိုင်တွေရဲ့ ဉပဒေ မဲ့ လုပ်ရပ်တွေကို ဝေဖန်ထောက်ပြတဲ့အတွက် အခုလို အငြိုးထား ပြီး ​ရိုက်နှက်တိုက်ပိတ်ခံရတာလို့ ဆိုပါတယ်။

ထောင်ဝင်စာပါဆယ်မှာ ပါလာတဲ့ ဆေးဝါး နဲ့စာအုပ်တွေကို အကျဉ်းထောင်ပါဆယ် ဌာနက တင်းတင်းကြပ်ကြပ်စစ်ဆေးပြီးမှ အကျဉ်းသားလက်ဝယ်ရောက်ရှိတာကြောင့် စာအုပ်ထဲ ဖုန်းဆင်းကဒ် ပါလာတယ်ဆိုတဲ့ အကြောင်းပြချက်က အဓိပ္ပာယ်မရှိဘူးလို့ PPNM က မှတ်ချက်ပြုထားပါတယ်။

အခုလို ရိုက်နှက်တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦးက ထောင်ဒဏ်နှစ် ၂၀ ထက်မနည်း ချခံထားရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီထောင်ဟာ ကိုလိုနီခေတ်ကနေ စစ်အာဏာရှင်လက်ထက်အထိ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြား တဲ့ ပုံစံထောင် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းသားဦးရေများပြားလာလို့ နိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ ခန့်ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦး​ဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။