Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူခြေမြန်တပ်မဌာနချုပ်နှင့် ခြေလျင်တပ်ရင်းအား တော်လှန်ရေးအဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

အဆိုပါ ရေလာလေးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စိတပ်က စခန်းအနီး ကျေးရွာ ၂ရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

(တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် OBRA ONE Pakokkuတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − OBRA ONE Pakokku)
(တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် OBRA ONE Pakokkuတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − OBRA ONE Pakokku)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် (တမခ−၁၀၁)နှင့် လက်အောက်ခံ တပ်များဖြစ်သော ခြေလျင်တပ်ရင်းအမှတ် (၂၅၁)နှင့် အမှတ် (၂၅၂)တို့ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၁၇ရက် နံနက် ၁၀ နာရီခွဲခန့်က ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)နှင့် လက်အောက်ခံတပ်ဖြစ်သော ခလရ−၂၅၁နှင့် ခလရ−၂၅၂တပ်ရင်းတို့အား တာဝေးပစ်ရော့ကတ် ၈လုံး ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ပစ်လွှတ်လိုက်သော ရော့ကတ်အားလုံးသည် ရန်သူတပ်တွင်းများသို့ ကျရောက်ပေါက်ကွဲသည်ဟု သတင်းရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုချိန်ထိတော့ တပ်တွင်းထဲကိုကျတာတော့အတိအကျသိပါတယ်။ နေရာနဲ့ ​အထိအခိုက်ကတော့ ခွေးတွေခြေရှုပ်နေလို့အတွင်းသတင်းမရသေးပါဘူး။”ဟု COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ပခုက္ကူမြို့ပေါ်တွင် အတင်းအဓမ္မ ပေါ်တာဆွဲပြီးတပ်သားသစ်စုဆောင်းခြင်း၊ တပ်မ(၁၀၁)သည် ပခုက္ကူမြို့နယ်အနောက်ခြမ်း ထန်းတပင်ကျေးရွာနှင့် ရေလာကြီးကျေးရွာတို့အား သာလွန်အင်အားသုံးပြီး စစ်ကြောင်းထိုးမီးရှို့ခြင်းတို့ကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက အသိပေးသည်။

အဆိုပါပစ်ခတ်မှုအား Burma Revolution Rangersတပ်ဖွဲ့ BA NYEIN GUERRILLA Force တပ်ဖွဲ့၊TaTy pku pdfတပ်ဖွဲ့နှင့် COBRA ONE Pakokku တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်ကလည်း ပခုက္ကူမြို့နှင့် (၁၆)မိုင်ခန့်ဝေးသည့် ရေလာလေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၇ဦးဖမ်းမိကာ လက်နက်ခဲယမ်း များရရှိခဲ့သည်။ ထို့အတူ တော်လှန်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့သည်။

အဆိုပါ ရေလာလေးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စိတပ်က စခန်းအနီး ကျေးရွာ ၂ရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။