မီတာခဆောင်ရန် ဖိအားပေးလုပ်ဆောင်မှူများရှိနေသည့် လှိုင်မြို့နယ် မီတာရုံးကို မက္ခရာ တော်လှန်ရေးအင်အားစုက ယနေ့ညနေပိုင်းတွင် အဝေးထိန်းဗုံးဖောက်ခွဲခဲ့သည်။
အဆိုပါမီတာရုံးတွင် ယနေ့ မီတာလာဆောင်သူများပြားခဲ့သောကြောင့် ဖောက်ခွဲမှူမလုပ်မီ နာရီပိုင်းအလိုတွင် မက္ခရာတော်လှန်ရေးအင်အားစုက ဖေ့စ်ဘွတ်ခ်၌ တင်၍ သတိပေးခဲ့သည်။
မီတာလာဆောင်သူများ ရှင်းသည့်အချိန်ကိုစောင့်ဆိုင်းရခြင်း နှင့် မိုးရွာသွန်းမှုတို့ကြောင့် ဖောက်ခွဲမှုအားပျော့သွားခဲ့သည်ဟု ၎င်းတို့အဖွဲ့ကထုတ်ပြန်ထားသည်။
မက္ခရာတော်လှန်ရေးအင်အားစုသည် လှိုင်မြို့နယ်အတွင်း၌ ပြည်သူများအား ဖိအားပေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်များကို တော်လှန်နေသည့် အဖွဲ့အစည်းဖြစ်သည်။
ထို့ပြင် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ၌ ဖောက်ခွဲမှုများပြုလုပ်မည်ဆိုပါက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ကြိုတင်အသိပေးလေ့ရှိသည်။