Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ် လှိုင်ရတနာအိမ်ရာ မီးလောင်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်ရတနာအိမ်ရာတွင် ယနေ့ (မတ်လ ၃) ညပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

သုည/People’s Spring

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်ရတနာအိမ်ရာတွင် ယနေ့ (မတ်လ ၃) ညပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့ ည ၇ နာရီခွဲဝန်းကျင်တွင် လှိုင်ရတနာအိမ်ရာရှိ ၆ လွှာ တိုက်ခန်း၌ ဂက်စ်မီးဖိုမှတဆင့် ပေါက်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ်တွင် နေထိုင်သူပြည်သူတစ်ဦးက ပြောသည်။

“၆ လွှာအခန်း ဂက်စ်မီးဖိုပေါက်တာကနေ လောင်တာပါ။ အခန်းတစ်ခုလုံးနီးပါးတော့ လောင်သွားတယ်။ ၇ ခွဲလောက်က စလောင်တာ ၈ နာရီလောက်တော့ မီးငြိမ်းသွားပါတယ်။ အခြားအခန်းတွေကိုလည်း မီးမကူးအောင်လို့ ထိန်းလိုက်နိုင်ပါတယ်​” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ည ၇ နာရီ ၃၂ မိနစ်တွင် လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ လှိုင်ရတနာအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇နာရီ ၄၉ မိနစ်၌ မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

https://www.facebook.com/LuduNwayOo/videos/939522088165639

ရုပ်သံ – CJ

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook