Connect with us

Hi, what are you looking for?

News

လားရှိုးမှလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်၊ တနိုင်း လီဒိုလမ်းရှိ ပြည်သူများတောတိုးခြင်းမပြုရန် KIA သတိပေး

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းမလျှောက်တွင်လည်း KIAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ဘက်မှ လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏တပ်မဟာ(၆)၊တပ်ရင်း(၃၆)နယ်မြေတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လိုင်ဇာ FM ၏ ဗမာတိုင်းရင်းသားဘာသာ စီအစဉ်ဖြင့် သတင်းထုတ်လွှင့်ချက်၌ ဖော်ပြထားသည်။

ရှမ်းမြောက်ရှိ KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆) နယ်မြေသို့ လားရှိုးဘက်မှ လာသည့် စစ်ယာဉ်တန်းကို အောက်တိုဘာ ၂၆ရက် ညနေပိုင်းတွင်း KIA ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့်ရှောင်တခင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ မည်မျှထိခိုက်သေဆုံးမှုရှိသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။

ပြီးခဲ့သည့် အပတ်အတွင်းကလည်အဆိုပါဒေသ၌ စစ်ကောင်စီတပ်မှ KIA တပ်စခန်းရှိရာသို့ ထိုးစစ်ဆင်လာ၍ သုံးကြိမ်ခန့် တိုက်ပွဲဖြစ်ခဲသည်ဟုဆိုသည်။ မုံးကိုးဒေသ ၌လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေ၍ ကိုးကန့်တပ်မတော်(MNDAA)တပ်နှင့်တိုက်ပွဲများ ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းမလျှောက်တွင်လည်း KIAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လီဒိုလမ်းမတစ်လျှောက်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် တောတိုးဟင်းရွက်ရှာ မလုပ်ကြရန် KIAက သတိပေးထုတ်ပြန်ထားသည်ဟု လိုင်ဇာ FMက သတင်းဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာမှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းနှင့် ရိက္ခာသည်ဆောင်ခြင်း စစ်ဆင်အား တိုးချဲ့ခြင်းနှင့်အတူ ထိုးစစ်ဆင်ခြင်းများ လုပ်ဆောင်နေ၍ လီဒိုလမ်းပိုင်းတစ်လျှောက်တွင် KIAနှင့် စစ်ကောင်စီတပ်ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပြည်သူများ ထိခိုက်ခြင်းမရှိစေရေးအတွက် ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။