Connect with us

Hi, what are you looking for?

LuduNwayOo

News

လားရှိုးမှလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်၊ တနိုင်း လီဒိုလမ်းရှိ ပြည်သူများတောတိုးခြင်းမပြုရန် KIA သတိပေး

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းမလျှောက်တွင်လည်း KIAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ဘက်မှ လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏တပ်မဟာ(၆)၊တပ်ရင်း(၃၆)နယ်မြေတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လိုင်ဇာ FM ၏ ဗမာတိုင်းရင်းသားဘာသာ စီအစဉ်ဖြင့် သတင်းထုတ်လွှင့်ချက်၌ ဖော်ပြထားသည်။

ရှမ်းမြောက်ရှိ KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆) နယ်မြေသို့ လားရှိုးဘက်မှ လာသည့် စစ်ယာဉ်တန်းကို အောက်တိုဘာ ၂၆ရက် ညနေပိုင်းတွင်း KIA ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့်ရှောင်တခင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ မည်မျှထိခိုက်သေဆုံးမှုရှိသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။

ပြီးခဲ့သည့် အပတ်အတွင်းကလည်အဆိုပါဒေသ၌ စစ်ကောင်စီတပ်မှ KIA တပ်စခန်းရှိရာသို့ ထိုးစစ်ဆင်လာ၍ သုံးကြိမ်ခန့် တိုက်ပွဲဖြစ်ခဲသည်ဟုဆိုသည်။ မုံးကိုးဒေသ ၌လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေ၍ ကိုးကန့်တပ်မတော်(MNDAA)တပ်နှင့်တိုက်ပွဲများ ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းမလျှောက်တွင်လည်း KIAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လီဒိုလမ်းမတစ်လျှောက်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် တောတိုးဟင်းရွက်ရှာ မလုပ်ကြရန် KIAက သတိပေးထုတ်ပြန်ထားသည်ဟု လိုင်ဇာ FMက သတင်းဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာမှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းနှင့် ရိက္ခာသည်ဆောင်ခြင်း စစ်ဆင်အား တိုးချဲ့ခြင်းနှင့်အတူ ထိုးစစ်ဆင်ခြင်းများ လုပ်ဆောင်နေ၍ လီဒိုလမ်းပိုင်းတစ်လျှောက်တွင် KIAနှင့် စစ်ကောင်စီတပ်ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပြည်သူများ ထိခိုက်ခြင်းမရှိစေရေးအတွက် ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။