Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကာမီကာဇေအသေခံဒရုန်းများအသုံးပြုလာ၍ သတိပြုကြရန် သရက်ခရိုင်PDF ရင်း(၄) သတိပေး

ကာမီကာဇေ ဒရုန်းအမျိုးအစားများကို စစ်တပ်က ရှမ်းမြောက်တိုက်ပွဲများတွင်းလည်း အသုံးပြုခဲ့၊ အသုံးပြုဆဲဖြစ်ကြောင်း သရင်းခရိုင် တပ်ရင်း(၄)က ဆိုသည်။

စစ်တပ်အသုံးပြုသော ကာမီကာဇေ ဒရုန်းအစိပ်အပိုင်းအချို့နှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်ခုကိုတွေ့ရစဥ်။ ဓာတ်ပုံ - သရက်ခရိုင် PDF တပ်ရင်း(၄)
စစ်တပ်အသုံးပြုသော ကာမီကာဇေ ဒရုန်းအစိပ်အပိုင်းအချို့နှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်ခုကိုတွေ့ရစဥ်။ ဓာတ်ပုံ - သရက်ခရိုင် PDF တပ်ရင်း(၄)

ကျော်ဇော/People’s Spring

မကွေးတိုင်းအတွင်းရှိ စစ်ရေးနယ်မြေများတွင် စစ်ကောင်စီတပ်က ပြင်းအားမြင့်ဗုံး တပ်ဆင်ထားသည့် ကာမီကာဇေ အသေခံဒရုန်းများအသုံးပြုလာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအနေဖြင့် သတိပြုကြရန် အမှတ် (၁)စစ်ဒေသ၊ သရက်ခရိုင် PDF တပ်ရင်း(၄)မှ ယနေ့(ဇန်နဝါရီ ၁ရက်)တွင် သတိပေး ထုတ်ပြန်သည်။

အဆိုပါ ပြင်းအားမြင့်ဗုံးတပ်ဆင်ထားသော ကာမီကာဇေအမျိုးအစား ဒရုန်းတစ်စင်းကို သရက်ခရိုင် တပ်ရင်း(၄)၏ စစ်ရေးလှုပ်ရှားရာနေရာတစ်ခုဖြစ်သော မင်းတုန်းမြို့အတွင်း နယ်မြေရှင်းလင်းရေးလုပ်စဥ် တွေ့ရှိရခြင်းဟု တပ်ရင်းပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

“ကျနော်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုဒေသတွေထဲက မင်းတုန်းမြို့နယ်အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ မနေ့(ဒီဇင်ဘာလ ၃၁ ရက်)က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ပျက်ကျနေတဲ့ ကာမီကာဇေဒရုန်းတစ်စင်းကို ရှာတွေ့ခဲ့တာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အသုံးပြုသော ကာမီကာဇေ ဒရုန်းအစိပ်အပိုင်းအချို့နှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်ခုကိုတွေ့ရစဥ်။ ဓာတ်ပုံ - သရက်ခရိုင် PDF တပ်ရင်း(၄)
စစ်တပ်အသုံးပြုသော ကာမီကာဇေ ဒရုန်းအစိပ်အပိုင်းအချို့နှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်ခုကိုတွေ့ရစဥ်။ ဓာတ်ပုံ – သရက်ခရိုင် PDF တပ်ရင်း(၄)

ထို့အပြင် စစ်တပ်သုံး အသေခံဒရုန်းအစိပ်အပိုင်းများတွင် ပျက်စီးနေသည့် ဒရုန်းကိုယ်ထည်နှင့်အတူ မပေါက်ကွဲသေးသည့် ပေါက်ကွဲအားပြင်း ဗုံးတစ်လုံးကိုပါ ရှာဖွေတွေ့ရှိခဲ့သည်ဟု တပ်ရင်း(၄)၏ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

သိမ်းဆည်းရရှိခဲ့သော ဒရုန်းအစိပ်အပိုင်းများနှင့် ဒရုန်းကိုယ်ထည်မှ ထွက်ကျထားသော ဗုံးသီးပုံများကို ကျွမ်းကျင်သူများထံပေးပို့၍ အခြေအနေအား စုံစမ်းကြည့်ရာ ဒရုန်းကို စစ်တပ်က အသေခံဒရုန်းအဖြစ်အသုံးပြုသည့်အပြင် ပြင်းအားမြင့်ဗုံးကို တပ်ဆင်အသုံး ပြုထားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တဆက်တည်းတွင် အထက်ပါ ကာမီကာဇေ ဒရုန်းအမျိုးအစားများကို စစ်တပ်က ရှမ်းမြောက်တိုက်ပွဲများတွင်းလည်း အသုံးပြုခဲ့၊ အသုံးပြုဆဲဖြစ်ကြောင်း သရင်းခရိုင် တပ်ရင်း(၄)က ဆိုသည်။

စစ်တပ်အသုံးပြုသော ကာမီကာဇေ ဒရုန်းအစိပ်အပိုင်းအချို့နှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်ခုကိုတွေ့ရစဥ်။ ဓာတ်ပုံ - သရက်ခရိုင် PDF တပ်ရင်း(၄)
စစ်တပ်အသုံးပြုသော ကာမီကာဇေ ဒရုန်းအစိပ်အပိုင်းအချို့နှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်ခုကိုတွေ့ရစဥ်။ ဓာတ်ပုံ – သရက်ခရိုင် PDF တပ်ရင်း(၄)

သရက်ခရိုင် PDF တပ်ရင်း(၄)မှ စစ်ရေးဖော်ဆောင်မှုများလုပ်ဆောင်လျှက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်က ကံမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ဆိုသူအား တပ်ရင်း(၄)၊ တပ်ခွဲ(၂) ရဲဘော်များက နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်ခဲ့သည်။

အုပ်ကြီးစိန်ဝင်းမောင်သည် စစ်ကောင်စီအလိုကျ စစ်မှုထမ်းရေးကိစ္စတွင် ဦးဆောင်ပါဝင်၍ စစ်မှုထမ်းလူစားထိုးရန် ကျေးရွာအချို့ထံမှ ကျပ်သိန်း ၁၀၀တောင်ခံကာ လူစားထိုးပေးခြင်း၊ ညောင်ပင်ကွင်းရွာပြည်သူများထံ ဆက်ကြေးအဖြစ် တစ်အိမ်ထောင် ကျပ်တစ်သိန်းတောင်းယူခြင်းများ လုပ်ဆောင်နေသူဟု တပ်ရင်း(၄)က ထုတ်ပြန်သည်။

စစ်တပ်အသုံးပြုသော ကာမီကာဇေ ဒရုန်းအစိပ်အပိုင်းအချို့နှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်ခုကိုတွေ့ရစဥ်။ ဓာတ်ပုံ - သရက်ခရိုင် PDF တပ်ရင်း(၄)
စစ်တပ်အသုံးပြုသော ကာမီကာဇေ ဒရုန်းအစိပ်အပိုင်းအချို့နှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်ခုကိုတွေ့ရစဥ်။ ဓာတ်ပုံ – သရက်ခရိုင် PDF တပ်ရင်း(၄)

အလားတူ ကံမမြို့နယ်၊ ကံမ-ပြကြီးလမ်း ကျောက်မဲနှင့် ဖရုံလှကြားလမ်းပိုင်းသို့ ဒီဇင်ဘာ ၂၉ ရက်က လိုက်ထရပ်ယာဥ်တစ်စီးဖြင့်လာသော အင်အား ၁၅ဦးခန့်ပါ စစ်ကောင်စီတပ်သားများအား တပ်ရင်း(၄)၊ တပ်ခွဲ (၂)ရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် သုံးဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိသွားကာ ယာဥ်မှာတိုက်ခိုက်ခံရသည့်နေရာ၌ ထိုးရပ်သွားကြောင်း သရက်ခရိုင် တပ်ရင်း(၄)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်