Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်အလယ်ပိုင်းအား ထိုးဖောက်ဝင်ရောက်မည်ဟု ကျောင်းသားလက်ရုံးတပ်တော် ကြေညာ

SAF တပ်ဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများတွင် AAနှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

(ကျောင်းသားလက်ရုံးတပ်တော်-SAFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SAF)
(ကျောင်းသားလက်ရုံးတပ်တော်-SAFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SAF)

ရဲခေါင်း/People’s Spring

၂၀၂၅တွင် တောင်တန်းဒေသမှသည် မြေပြန့်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်ရမည်ဆိုကာ မြန်မာပြည်အလယ်ပိုင်းအား ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ရေးရည်မှန်းချက်အား ဖော်ဆောင်သွားမည်ဟု ကျောင်းသားလက်ရုံးတပ်တော်-SAF က ဇန်နဝါရီ ၁ရက်တွင် အသိပေး ထုတ်ပြန်သည်။

၂၀၂၅သည် တော်လှန်စစ် ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်း စုတစ်ရပ်ဖြစ်လာရန် နိုင်ငံရေး၊စစ်ရေးအရ ညှိနှိုင်းဆွေးနွေး လက်တွဲအကောင်အထည်ဖော်ရမည့် နှစ်ဟုလည်း SAF က ဆိုသည်။

(ကျောင်းသားလက်ရုံးတပ်တော်-SAFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SAF)
(ကျောင်းသားလက်ရုံးတပ်တော်-SAFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – SAF)

လွန်ခဲ့သော (၂)နှစ်ခန့်ကစ၍ အညာဒေသနှင့် မြေလတ်ဒေသတွင် စစ်ဒေသများထားရှိပြီး ပြောက်ကျား စစ်၊လှုပ်ရှားစစ်များ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၅တွင် တောင်တန်းဒေသမှသည် မြေပြန့်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်ရမည်ဟုလည်း SAFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs)ထံမှ သင်ယူဆည်းပူးအတွေ့အကြုံယူခဲ့သည့် လေ့ကျင့်ရေး၊စစ်ရေး၊ထောက်လှမ်းရေး၊စစ်ဆင်ရေးနှင့် စည်းရုံးရေးဆိုင်ရာအတွေ့အကြုံများကို “မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး” စစ်ဆင်ရေးရည်မှန်းချက်ကို ဝတ်မှုန်ကူးသယ်ဆောင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ကျောင်းသားလက်ရုံးတပ်တော်-SAFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SAF)
(ကျောင်းသားလက်ရုံးတပ်တော်-SAFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – SAF)

SAF တပ်ဖွဲ့သည် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)အဖွဲ့ဝင်များက ဦးဆောင်ပြီး အာရက္ခတပ်တော်(AA)ထံ လေ့ကျင့်သင်ကြားကာ ၂၀၂၁ ဧပြီ ၂၇ ရက်တွင် စတင် တပ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

SAF တပ်ဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများတွင် AAနှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

ယခု ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ၂၀၂၄ ဒီဇင်ဘာ ၃၀ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်ကြောင်း၊ ၂၀၂၄တစ်နှစ်တာအတွင်း စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း အသိပေးထားသည်။

(ကျောင်းသားလက်ရုံးတပ်တော်-SAFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SAF)
(ကျောင်းသားလက်ရုံးတပ်တော်-SAFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – SAF)

ထို့ကြောင့် လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

အလားတူ ကရင်နှင့် ရှမ်းမြောက်၌ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )ကလည်း အညာ​ဒေသတွင် တိုက်ပွဲများ​ဖော်​ဆောင်နိုင်ရန် အညာစစ်​ဒေသအတွက် တပ်သားသစ်များ ခေါ်ယူ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF)ရဲ့ စစ်ဆင်ရေး နယ်မြေ‌တွေက ၂လအတွင်း စစ်သုံ့ပန်း ၁၆ဦး ဖမ်းဆီးရမိပြီး အလင်းဝင်သူ ၁၃ဦးရှိတယ်လို့ အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများစု ဆက်လက် အအေးပိုနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကထုတ်ပြန်သည်။

သတင်း

သင်တန်းဆင်းပွဲသို့ အခြားသော တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း

ဒီကနေ ကျရောက်တဲ့ 7July နေ့နဲပတ်သက်ပြီး တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစု အနောက်ပိုင်းဒေသ အဖွဲ့တွေက ပူးတွဲသဘောထားထုတ်ပြန်ထားတာပါ။

Trending

Facebook