Connect with us

Hi, what are you looking for?

သတင်း

7July မှာ ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် အဖွဲ့(၄)ဖွဲ့ ပူးတွဲသဘောထားထုတ်ပြန်

ဒီကနေ ကျရောက်တဲ့ 7July နေ့နဲပတ်သက်ပြီး တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစု အနောက်ပိုင်းဒေသ အဖွဲ့တွေက ပူးတွဲသဘောထားထုတ်ပြန်ထားတာပါ။

ကျောင်းသားလက်ရုံးတပ်တော်
ကျောင်းသားလက်ရုံးတပ်တော်

တော်လှန်ရေးအစုအဖွဲ့တွေအားလုံး သဘောတူလက်ခံတဲ့ နိုင်ငံရေးဘုံရည်မှန်းချက်တစ်ခုကို ဆွေးနွေးဖော်ဆောင်ဖို့လိုအပ်တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် အဖွဲ့(၄)ဖွဲ့က ပူးတွဲသဘောထားထုတ်ပြန်ထားပါတယ်။

အဲဒီလိုပဲ ကွပ်ကဲမှုစနစ်ပြတ်သားခိုင်မာတဲ့ မဟာမိတ်တပ်ပေါင်းစုတစ်ရပ်အဖြစ် ဟန်ချက်ညီညီတိုက်ပွဲဝင်နိုင်ဖို့လည်း အထူးအရေးကြီးတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒီကနေ ကျရောက်တဲ့ 7July နေ့နဲပတ်သက်ပြီး တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစု အနောက်ပိုင်းဒေသ အဖွဲ့တွေက ပူးတွဲသဘောထားထုတ်ပြန်ထားတာပါ။

ကျောင်းသားလက်ရုံးတပ်တော်
ကျောင်းသားလက်ရုံးတပ်တော်

ယနေ့ နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန်ဟာ ဟန်ချက်ညီအားကောင်းစွာ တိုးတက်ရွေ့လျားလျက်ရှိပြီး မိမိတို့ရင်ဆိုင်နေရတဲ့ရန်သူဟာ ရာစုနှစ်ထက်ဝက်ကျော် ပြည်သူကိုဖိနှိပ်အုပ်ချုပ်ဖို့ စနစ်ကျခိုင်မာစွာတည်ဆောက်ထားတဲ့ စစ်ယန္တရားတခုဖြစ်ကာ အဆိုပါရန်သူကို အမြစ်ပြတ်ချေမှုန်းဖို့ တော်လှန်ရေးအင်အားစုတွေအကြား ပိုမိုအားကောင်းခိုင်မာတဲ့ နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတရပ် ပေါ်ပေါက်လာမှသာ ဒီတိုက်ပွဲကိုအဆုံးသတ်အနိုင်ရမှာလို့ လက်ခံယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဝေဝါးကွဲပြားတဲ့ ရည်မှန်းချက်တွေနဲ့ စုစည်းညီညာမှုမရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဘုံရန်သူပြုတ်ကျသွားပြီးနောက် ပြည်တွင်းစစ်နဲ့ စစ်ဘုရင်ဝါဒကို ထပ်မံဦးတည်စေပြီး သမိုင်းတကျော့ပြန်ခြင်းကိုသာ ဖြစ်ပေါ်စေမည်ဟူတဲ့ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူကြရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

ဒါ့အပြင် ကျွန်ုပ်တို့အဖွဲ့အနေနဲ့ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ဟူတဲ့ စစ်သုံးစစ်တိုက်ဖျက်ရေးမှုအပေါ် မားမားမတ်မတ်ရပ်တည်ကာ လူမျိုးပေါင်းစုံ ဖိနှိပ်ခံပြည်သူလူထုရဲ့ ကိုယ့်ကြမ္မာကိုယ်တိုင်ဖန်တီးခွင့်ရရှိရေးအပေါ် ခိုင်မာစွာရပ်တည်ပြီး ပြည်သူလူထုအားလုံးအတွက် လွတ်လပ်တဲ့ တရားမျှတတဲ့ တန်းတူညီမျှတဲ့ နိုင်ငံတော်တရပ်ဖြစ်စေဖို့ ရပ်တည်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် အဖွဲ့(၄)ဖွဲ့က ပူးတွဲသဘောထားထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Trending

Facebook