Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းရှိ ရဲဘော်များဆေးကုသပေးနေသည့်ဆေးခန်းသို့ ပြည်ထောင်စုဝန်ကြီးချုပ်သွားရောက်ပြီး ဒဏ်ရာရရဲဘော်များအား တွေ့ဆုံအားပေး

ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

-People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရှေ့တန်းတနေရာရှိ ဒဏ်ရာရရဲဘော်များ ဆေးကုသနေသည့်ဆေးခန်းသို့ သွားရောက်ပြီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂)ရဲဘော်စောရှား၊ပညာရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်ဦးမျိုးသန့်တို့ လိုက်ပါခဲ့သည်။ အဆိုပါ ဆေးခန်းတွင် CDM ဆရာဝန် (၃)ဦးနှင့်အတူ သူနာပြုများ၊ ဆေးအကူများ ပူးပေါင်း၍ ဒဏ်ရာရရဲဘော်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်းဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်က ဆေးခန်းအသုံးစရိတ်များ ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်မြေပြင်ရှိ ရဲဘော်များထံ သွားရောက်ခဲ့သည်။ မှတ်တမ်းဓာတ်ပုံများထုတ်ပြန်အသိပေးမှုအရ NUG၏ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ ဦးတည်သော စစ်ရေးဖော်ဆောင်မှုမည့် ရန်ကုန်တပ်ရင်းများဖြစ်သော တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)နှင့် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄)တို့မှ ရဲဘော်များအား တွေ့ဆုံခဲ့ကြောင်း ဇန်နဝါရီ ၁ရက်တွင် အသိပေးသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့သည်ဟု NUGက ဒီဇင်ဘာ ၂ရက်တွင် ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook