Connect with us

Hi, what are you looking for?

သတင်း

စစ်ရာဇဝတ်မှု(War Crime)ကျူးလွန်မှုများအတွက် စစ်တပ်ကို နိုင်ငံ ၄နိုင်ငံတွင် ထပ်မံတရားစွဲဆိုနိုင်ရေး NUG ပြင်ဆင်ဆောင်ရွက်နေ

ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

(ဇန်နဝါရီ ၃ရက်သတင်းစာရှင်းလင်းပွဲ၌ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ ရှင်းလင်းပြောကြားနေစဥ်။)
(ဇန်နဝါရီ ၃ရက်သတင်းစာရှင်းလင်းပွဲ၌ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ ရှင်းလင်းပြောကြားနေစဥ်။)

■ICC က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်နိုင်ရေး မြန်မြန်ဆန်ဆန်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း NUG ဒုဝန်ကြီးပြော

အီယိုရီ/People’s Spring

ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုများသာမက စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှု(War Crime)ကျူးလွန်မှုများအတွက် နိုင်ငံ ၄နိုင်ငံတွင် ထပ်မံတရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့(ဇန်နဝါရီ ၃ရက်)ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ စစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုသာမက စစ်အာဏာသိမ်းမှုနောက်ပိုင်း မူဆို၊ လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီးစသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကျူးလွန်မှုများအတွက် Universal Jurisdiction အရ သြစတြေးလျ၊ နယူးဇီလန်၊ ချက်၊ တောင်ကိုရီးယား စသည့် နိုင်ငံ ၄နိုင်ငံတွင် ထပ်မံတရားစွဲဆို အမှုဖွင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ရှင်းပြသည်။

“ခုနတုန်းက မူဆိုကိစ္စ၊ လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီးကိစ္စ ဒီအရာတွေက ခုနတုန်းက ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့ အမှုဖွင့်ထားတဲ့ နိုင်ငံအလိုက် တရားရုံးတင်မကဘဲနဲ့ တခြားနိုင်ငံတွေမှာလည်း စွဲဆိုနိုင်ဖို့အတွက် ရှာဖွေ ကြိုးပမ်းလုပ်ဆောင်လျှက်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ချက်ရီဗက်ပလစ်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့အတွက် အဲဒီနိုင်ငံမှာရှိတဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့နေအဖွဲ့အစည်းတွေနဲ့ အခုကတည်းက စတင်ပြီးတော့ ပြင်ဆင်လုပ်ဆောင်လျက်ရှိပါတယ်။ ဒီမှာ သေဆုံးခဲ့တဲ့၊ ကျဆုံးခဲ့တဲ့ သူတွေရဲ့ အသက်တွေဟာ ဘယ်တော့မှ အလဟဿမဖြစ်စေရပါဘူး။ တရားမျှတမှုအတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောကြားချင်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်နိုင်ရေး ICC ရှေ့နေချုပ်က လျှောက်ထားမှုနှင့်ပတ်သက်၍ ICC ၏ ခြေလှမ်းသည် မြန်ဆန်သွက်လက်နေသည်ကို တွေ့ရပြီး ဖမ်းဝရမ်းကိုလည်း မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

“ဒီနေရာမှာလည်း ကျွန်တော်တို့ အနေနဲ့ ပူးပေါင်းပါဝင် ပံ့ပိုးပေးနိုင်တဲ့ မည်သည့်အခန်းကဏ္ဍကနေမဆို ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ရှိသလို၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့နေရာကနေ ပူးပေါင်းပါဝင်ဆောင်ရွက်နေတယ်ဆိုတာကို ဖြေကြားလိုပါတယ်”ဟု လူ့အခွင့်အရေးဒုဝန်ကြီးက ပြောသည်။

အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး(Universal Jurisdiction)အရ မြန်မာစစ်တပ်ကို အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားပြီး မကြာမီတွင် အရေးယူဆောင်ရွက်မှု တစုံတရာ ထွက်ပေါ်လာမည်ဟု သိရကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ Universal Jurisdiction အရ မြန်မာစစ်တပ်ကို တူရကီ၊ ဖိလစ်ပိုင် နိုင်ငံများတွင်လည်း အမှုဖွင့်တရားစွဲဆိုနိုင်ရေး ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။

“နိုင်ငံတစ်ခုမှာ ရှိတဲ့ တရားရုံးမှာ ဘယ်နိုင်ငံကပဲ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ကျူးလွန် သူ့တရားရုံးမှာ တရားစွဲဆိုပြီး အပြစ်ပေးနိုင်တဲ့ ယန္တရားရှိပါတယ်။ ဒါကိုအသုံးပြုပြီးလည်း တရားစီရင်မှု ပေါ်ပေါက်အောင်ကြိုးစားတဲ့ နိုင်ငံတွေမှာ အခုဆိုရင် အာဂျင်တီးနားနိုင်ငံမှာ ရိုဟင်ဂျာများအပေါ်မှာ ကျူးလွန်တဲ့ အမှုကြောင့် အမှုစွဲဆို ဖွင့်လှစ်ပြီးတော့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ မကြာခင်မှာ ဒါနဲ့ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှု တစုံတရာထွက်လာမယ်လို့ သိရပါတယ်”ဟု ဝန်ကြီးက ဆိုသည်။

အထက်ပါ တရားစွဲဆိုမှုများတွင် NUG သည် တရားစွဲဆိုသည့် အဖွဲ့အစည်းမဟုတ်သော်လည်း တရားစွဲဆိုမည့် အဖွဲ့အစည်းများ လိုအပ်သည့် အချက်အလက်များ၊ သက်သေအထောက်အထားများကို ပံ့ပိုးကူညီပြီး တရားမျှတမှု ရရှိရန် နည်းလမ်းပေါင်းစုံ အသုံးပြု၊ ချဥ်းကပ်ဆောင်ရွက်နေကြောင်းနှင့် မြန်မာပြည်သူများ တရားမျှတမှု ရရှိရန်၊ ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။