Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်တပ်ရဟတ်ယာဉ် ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ကိုNUG ကျပ်သိန်းတစ်သောင်းဂုဏ်ပြု​ကြောင်းထုတ်ပြန်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

(ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း ၁သောင်း ပေးအပ်နေစဉ်။ ဓာတ်ပုံ - NUG)

စက်တင်ဘာ-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

တွင်းမရွာကို လာတဲ့ စစ်တပ်ရဲ့Mi-17 စစ် ရဟတ်ယာဉ်ဟာ ဇွန်လ ၂၃ရက်မှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တာပါ။ တိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

အဲဒီလိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးကို ဂုဏ်ပြုဆုငွေ သိန်း ၁ သောင်းကျပ်နဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆုငွေနဲ့ လက်မှတ်ကို ဂုဏ်ပြုအခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။

ဂုဏ်ပြုအခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ တာဝန်ရှိသူတွေ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်နဲ့ တာဝန်ရှိသူတွေ၊ ဆုလက်ခံရရှိသူ ပကဖ ဒရုန်းတပ်ဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲဘော်ကိုချမ်းက ဒရုန်းစစ်ဆင်ရေးအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး ဂုဏ်ပြုခံ ရဲဘော်များကိုယ်စား ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော် နက္ခက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း အသိပေးပါတယ်။

၂၀၂၂ ဧပြီလက စစ်တပ်ရဲ့ ရဟတ်ယာဥ်၊ တိုက်​လေယာဥ် ၊တင့်ကား၊ စစ်တပ်ရဲ့စက်သုံးဆီသို​လှောင်ရုံစတာ​တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရင် ဂုဏ်ပြု​ငွေ​ချီးမြှင့်မယ်လို့ NUG က​ကြေညာခဲ့ပြီး စစ်သုံးရဟတ်ယာဥ်ကိုဖျက်ဆီးနိုင်တာမို့ အမြင့်ဆုံးဆု​ကြေး ကျပ်သိန်းတစ်​သောင်းချီးမြှင့်တာလို့ NUG ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ကို​နေဘုန်းလတ်က​ပြောပါတယ်။

၂၀၂၂ ဧပြီ ၇ ရက်မှာNUG ယာယီသမ္မတ ဒူဝါလရှီးလကဘယ်သူမဆို စစ်တပ်ရဲ့လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပြည်သူနဲ့ပူးပေါင်းလာမယ်ဆိုရင် အမေရိကန် ဒေါ်လာ ငါးသိန်း၊ မြန်မာငွေနဲ့ဆိုရင် သိန်းတစ်သောင်း ချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်တွေကို အကြီးစားထိခိုက်အောင် ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေ သိန်းခြောက်ထောင် ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် CDM ဝင်လာချိန်မှာ တင့်ကား၊ သံချပ်ကာကားတွေ ယူလာနိုင်ရင် မြန်မာငွေ သိန်း နှစ်ထောင် ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဟာ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်ပစ္စည်းတွေနဲ့ ပြည်သူတွေကို ပြန်တိုက်နေတာကြောင့် အခုလိုဆုငွေတွေ ထုတ်ပြီး ဖျက်ဆီးခိုင်းတာလို့ NUG ယာယီသမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

စစ်တပ်ရဲ့Mi-17 စစ်ရဟတ်ယာဉ်ကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဟာNUG ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်များ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ တခြားသော တော်လှန်ရေးအဖွဲ့များ စုပေါင်းညီညွတ်မှု စွမ်းအား​ကြောင့်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီး​တော့လည်း စစ်တပ်ရဲ့ ဗဟိုချက်မ နေရာတွေကို အရှိန်အဟုန်ဖြင့် ဆက်လက် ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့ အသိပေးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးတပ်တွေကခုခံတော်လှန်စစ်အတွင်း စစ်တပ်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေကိုပစ်ချနိုင်ခဲ့တာ အနည်းဆုံး ၁၃ စီးရှိပြီဖြစ်ပါတယ်။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ် လေယာဥ် ၊ရဟတ်ယာဥ်တွေပျက်ကျတာ ၊ချို့ယွင်းတာအစီးရေး ဆယ်စီးဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

မကြာသေးမီကလေည်း တံတားဦးလေတပ်က စစ်တပ်ရဲ့ တိုက်လေယာဉ်ထားရာနေရာတွေကို PDFတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ကြား ရေကြောင်းတိုက်ပွဲမှာလည်း လေကြောင်းပစ်ကူလာပေးတဲ့ Y12 လေယာဉ်ကို KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခုခံတော်လှန်စစ်အစောပိုင်းကာလကတည်းက စစ်တပ်ရဲ့ လေယာဉ် ရဟတ်ယာဉ်တွေ ပစ်ချနိုင်ရင်ဆုငွေချီးမြှင့်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး အခုလို အခမ်းအနားနဲ့ ဆုငွေပေးအပ်မှုဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။