Connect with us

Hi, what are you looking for?

LuduNwayOo

News

တရားသောတော်လှန်စစ်ကို ဆင်နွှဲသူတိုင်း လူ့အခွင့် အရေးကိုလေးစားလိုက်နာသူများအဖြစ် သက်သေပြဖို့ NUG တိုက်တွန်း

ည်သည့်အခြေအနေမှာဖြစ်စေ ခိုင်လုံတဲ့အထောက် အထားမရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်ခြင်းတွေကို ဆောင်ရွက်မိပါက အဲဒီအတွက် တချိန်ချိန်မှာ တာဝန်ယူ၊ တာဝန်ခံရမှာကို နားလည်း သဘောပေါက်ထားဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(PDF ရဲ​ဘော်များ ​တောတွင်းတစ်​နေရာတွင် ​လေ့ကျင့်​နေစဥ်၊ ဓာတ်ပုံ - ကိုရဲမင်း)

တွန်းပို့လာသောအခြေအနေအရ မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက်သာ လက်နက်အသုံးပြုရပေမယ့် လူ့အခွင့်အရေးကိုလေးစားလိုက်နာသူများဖြစ်ကြောင်း သက်သေပြဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ပါတယ်။

တရားမဝင် အကြမ်းဖက်စစ်ကောင်စီကို ဘက်ပေါင်းစုံက တွန်းလှန်နေကြသူတွေအနေနဲ့ မုန်းတီးလက်စားချေလိုသောစိတ်ကိုအခြေခံကာ အကြမ်းဖက်လုပ်ဆောင်ခြင်းများ၊ ခိုင်လုံသော အထောက်အထားမရှိဘဲ ဥပဒေမဲ့သတ်ဖြတ်ခြင်းများ၊ အရပ်သားများ အထူးသဖြင့် ကလေးသူငယ်များကို အကြမ်းဖက်တိုက်ခိုက်ရန်အတွက် လှုံ့ဆော်ရေးသားပြောဆိုနေမှုတွေကို ရှောင်ကြဉ်ကြဖို့ NUG က ဒီနေ့ (အောက်တိုဘာ ၂၉ ရက်)မှာ ထုတ်ပြန်ပါတယ်။

မည်သည့်အခြေအနေမှာဖြစ်စေ ခိုင်လုံတဲ့အထောက် အထားမရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်ခြင်းတွေကို ဆောင်ရွက်မိပါက အဲဒီအတွက် တချိန်ချိန်မှာ တာဝန်ယူ၊ တာဝန်ခံရမှာကို နားလည်း သဘောပေါက်ထားဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရားသောတော်လှန်စစ်ကို ဆင်နွှဲနေသူတိုင်းဟာ ဖိနှိပ်မှုကို တွန်းလှန်ရာမှာလည်း မိမိတို့လုပ် ရပ်တိုင်းဟာ တရားမျှတမှုကို ရှေးရှုတဲ့လုပ်ရပ်တွေ ဖြစ်ရမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။