Connect with us

Hi, what are you looking for?

News

တရားသောတော်လှန်စစ်ကို ဆင်နွှဲသူတိုင်း လူ့အခွင့် အရေးကိုလေးစားလိုက်နာသူများအဖြစ် သက်သေပြဖို့ NUG တိုက်တွန်း

ည်သည့်အခြေအနေမှာဖြစ်စေ ခိုင်လုံတဲ့အထောက် အထားမရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်ခြင်းတွေကို ဆောင်ရွက်မိပါက အဲဒီအတွက် တချိန်ချိန်မှာ တာဝန်ယူ၊ တာဝန်ခံရမှာကို နားလည်း သဘောပေါက်ထားဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(PDF ရဲ​ဘော်များ ​တောတွင်းတစ်​နေရာတွင် ​လေ့ကျင့်​နေစဥ်၊ ဓာတ်ပုံ - ကိုရဲမင်း)

တွန်းပို့လာသောအခြေအနေအရ မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက်သာ လက်နက်အသုံးပြုရပေမယ့် လူ့အခွင့်အရေးကိုလေးစားလိုက်နာသူများဖြစ်ကြောင်း သက်သေပြဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ပါတယ်။

တရားမဝင် အကြမ်းဖက်စစ်ကောင်စီကို ဘက်ပေါင်းစုံက တွန်းလှန်နေကြသူတွေအနေနဲ့ မုန်းတီးလက်စားချေလိုသောစိတ်ကိုအခြေခံကာ အကြမ်းဖက်လုပ်ဆောင်ခြင်းများ၊ ခိုင်လုံသော အထောက်အထားမရှိဘဲ ဥပဒေမဲ့သတ်ဖြတ်ခြင်းများ၊ အရပ်သားများ အထူးသဖြင့် ကလေးသူငယ်များကို အကြမ်းဖက်တိုက်ခိုက်ရန်အတွက် လှုံ့ဆော်ရေးသားပြောဆိုနေမှုတွေကို ရှောင်ကြဉ်ကြဖို့ NUG က ဒီနေ့ (အောက်တိုဘာ ၂၉ ရက်)မှာ ထုတ်ပြန်ပါတယ်။

မည်သည့်အခြေအနေမှာဖြစ်စေ ခိုင်လုံတဲ့အထောက် အထားမရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်ခြင်းတွေကို ဆောင်ရွက်မိပါက အဲဒီအတွက် တချိန်ချိန်မှာ တာဝန်ယူ၊ တာဝန်ခံရမှာကို နားလည်း သဘောပေါက်ထားဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရားသောတော်လှန်စစ်ကို ဆင်နွှဲနေသူတိုင်းဟာ ဖိနှိပ်မှုကို တွန်းလှန်ရာမှာလည်း မိမိတို့လုပ် ရပ်တိုင်းဟာ တရားမျှတမှုကို ရှေးရှုတဲ့လုပ်ရပ်တွေ ဖြစ်ရမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook