Connect with us

Hi, what are you looking for?

News

NUG ဖယ်ဒရယ်​ရေးရာဝန်ကြီး၏ ​နေအိမ်ကို အကြမ်းဖက်စစ်တပ်က ချိတ်ပိတ်

အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ် ဟားခါးမြို့ရှိ ဒေါက်တာလျန်မှုန်းဆာခေါင်းနေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ နိုင်ငံပိုင်သိမ်းသည်ဟူ စာကပ်ထားခြင်းဖြစ်ကြောင်း ယ​နေ့(အောက်တိုဘာ ၃၀ ရက်)တွင် ၎င်း၏ လူမူကွန်ရက်တွင် ရေးသားအသိ​ပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ဖယ်ဒရယ်ရေးရာဝန်ကြီးနှင့် ချင်းအမျိုးသားတပ်ဦး(CNF) ဒုတိယဥက္ကဌ ဒေါက်တာလျန်မှုန်းဆာခေါင်း၏ နေအိမ်ကို အကြမ်းဖက်စစ်တပ်က ချိတ်ပိတ်သိမ်းဆည်းလိုက်သည်။

အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ် ဟားခါးမြို့ရှိ ဒေါက်တာလျန်မှုန်းဆာခေါင်းနေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ နိုင်ငံပိုင်သိမ်းသည်ဟူ စာကပ်ထားခြင်းဖြစ်ကြောင်း ယ​နေ့(အောက်တိုဘာ ၃၀ ရက်)တွင် ၎င်း၏ လူမူကွန်ရက်တွင် ရေးသားအသိ​ပေးထားသည်။

“ဟားခါးမြို့က ကျွန်တော်အိမ်ကို မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်က သိမ်းတယ်လိုက်တယ်၊။ ခိုးယူလိုက်တယ်။ ကျွန်တော်တို့နိုင်ငံသားတွေနဲ့ နိုင်ငံလွတ်လပ်ဖို့အားလုံးကို စွန့်လွှတ်ပြီးသားဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ အိမ်တွေနဲ့ ပိုင်ဆိုင်မူတွေကို ခိုးယူနိုင်ပေ့မယ့် ကျွန်တော်ရဲ့ စိတ်ဓာတ်ကို မခိုးယူနိုင်သလို၊ မချိုးဖျက်နိုင်ပါဘူး”ဟု ဒေါက်တာလျန်မှုန်းဆာခေါင်းက ​ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းမှုကို ဆန့်ကျင် သည့် ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အဓမ္မအရေးယူနေခြင်းဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ဖမ်းမိပါက ၎င်းတို့အား အိမ်ငှားထားသည့် နေအိမ်များကိုပါ ချိတ်ပိတ်​နေ သည်။

Public Service Announcement

Public Service Announcement

ထိုသို့ချိတ်ပိတ်မှုများကို အကြမ်းဖက်စစ်တပ်က ​နေရာအနှံ့ ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။