အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ဖယ်ဒရယ်ရေးရာဝန်ကြီးနှင့် ချင်းအမျိုးသားတပ်ဦး(CNF) ဒုတိယဥက္ကဌ ဒေါက်တာလျန်မှုန်းဆာခေါင်း၏ နေအိမ်ကို အကြမ်းဖက်စစ်တပ်က ချိတ်ပိတ်သိမ်းဆည်းလိုက်သည်။
အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ် ဟားခါးမြို့ရှိ ဒေါက်တာလျန်မှုန်းဆာခေါင်းနေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ နိုင်ငံပိုင်သိမ်းသည်ဟူ စာကပ်ထားခြင်းဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၃၀ ရက်)တွင် ၎င်း၏ လူမူကွန်ရက်တွင် ရေးသားအသိပေးထားသည်။
“ဟားခါးမြို့က ကျွန်တော်အိမ်ကို မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်က သိမ်းတယ်လိုက်တယ်၊။ ခိုးယူလိုက်တယ်။ ကျွန်တော်တို့နိုင်ငံသားတွေနဲ့ နိုင်ငံလွတ်လပ်ဖို့အားလုံးကို စွန့်လွှတ်ပြီးသားဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ အိမ်တွေနဲ့ ပိုင်ဆိုင်မူတွေကို ခိုးယူနိုင်ပေ့မယ့် ကျွန်တော်ရဲ့ စိတ်ဓာတ်ကို မခိုးယူနိုင်သလို၊ မချိုးဖျက်နိုင်ပါဘူး”ဟု ဒေါက်တာလျန်မှုန်းဆာခေါင်းက ရေးသားထားသည်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းမှုကို ဆန့်ကျင် သည့် ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အဓမ္မအရေးယူနေခြင်းဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ဖမ်းမိပါက ၎င်းတို့အား အိမ်ငှားထားသည့် နေအိမ်များကိုပါ ချိတ်ပိတ်နေ သည်။

Public Service Announcement
ထိုသို့ချိတ်ပိတ်မှုများကို အကြမ်းဖက်စစ်တပ်က နေရာအနှံ့ ဆောင်ရွက်နေခြင်းဖြစ်သည်။


















































