Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မှ ကိုးကန့်တပ်များ ဆုတ်ခွာခြင်းမရှိဘဲ ရှေ့လုပ်ငန်းစဉ်များအတွက် ညွှန်ကြားမှုများရှိဟု မြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူ ပြော

ကိုးကန့်တပ်မတော်(MNDAA)တပ်များ လားရှိုးမြို့၌ ဆက်ရှိနေပြီး နောင်လများအတွင်း ပုံမှန်လုပ်ဆောင်ရမည့် ကိစ္စရပ်များအတွက် ညွှန်ကြားမှုများဆက်ရှိနေကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

လားရှိုးမြို့၌ တရုတ်နှစ်ကူးပွဲတော်ကျင်းပရန်ပြက်ဆင်နေသည်ကို လုံခြုံရေးဆောင်ရွက်နေသော ကိုးကန့်တပ်မှ ရဲဘော်အချို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင် ရေး)

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)တပ်များ လားရှိုးမြို့၌ ဆက်ရှိနေပြီး နောင်လများအတွင်း ပုံမှန်လုပ်ဆောင်ရမည့် ကိစ္စရပ်များအတွက် ညွှန်ကြားမှုများဆက်ရှိနေကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ကျင်းပလျက်ရှိသည့် တရုတ်နှစ်သစ်ကူး ပြီးပါက လားရှိုးမြို့မှ MNDAAတပ်များ ဆုတ်ခွာရမည်ဟု လားရှိုး၌ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တရုတ် ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ကြောင်း သတင်းဖော်ပြမှု၊ လူမှုကွန်ရက်၌ ရေးသားမှုများ ရှိနေသည့်အပေါ် မြို့တာဝန်ရှိသူက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

“လားရှိုးမှာတော့ အကုန်အဆင်ပြေနေပါတယ်။လက်ရှိ ထွက်လာတဲ့သတင်းအပေါ်မှာ ကောလာဟလတွေတော့ အများကြီးထွက်နေတာပေါ့။ အဲဒီဟာကိုမှ တရားဝင်ဘယ်ကမှ ထုတ် ပြန်ထားတာမရှိသေးဘူး”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အခြေအနေနှင့်ပတ်သက်၍ ကိုးကန့်၊ တရုတ်နှင့် စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်ထားမရှိဘဲ လူမှုကွန်ရက်ပေါ် ပြန်နှံ့နေသည့် သတင်းများသာဖြစ်သည်ဟု ဆိုသည်။

“ဒီမှာလည်း သူ့ဟာနဲ့ သူရှိနေပါတယ်။ တပ်(MNDAAတပ်ဖွဲ့) တော်တော်များများလည်း ဒီမှာပဲပေါ့နော် အရင်ပုံမှန်အတိုင်း သွားလာလှုပ်ရှား လည်ပတ်နေတုန်းပါပဲ။ပြီးရင် ဆက်ပြီး လှုပ်ရှားရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ညွှန်ကြားထားတုန်းပါပဲ။ ဘယ်လမှာ ဘာလုပ် မယ်၊ ဘာညာ အဲဒါတွေလည်း ရှိတုန်းပါပဲ”ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးတာဝန်ရှိသူက ပြောသည်။

ထို့ပြင် လက်ရှိကျင်းပနေသည့် တရုတ်နှစ်ကူးပွဲတော်ကိုလည်း ၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းအထိ ကျင်းပရန်ရှိသည်ဟု ပြောသည်။

လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာရမည်ဟု သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး ကိုးကန့်တပ်တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။

MNDAAသည် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့ကို ၂၀၂၄ ဇူလိုင် ၃ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၁လခန့်အကြာ ဩဂုတ်လဆန်းတွင် ရမခဌာနချုပ်အပါအဝင် မြို့ကိုအပြီးသတ် သိမ်းနိုင်ခဲ့သည်။

မြို့သိမ်းပိုက်ပြီးနောက် MNDAAက မြို့ရှင်းလင်း ပြန်လည်ထူထောင်ရေး၊ အုပ်ချုပ်ရေး ယန္တရားများ စနစ်တကျ ဖော်ဆောင်နေချိန် စစ်ကောင်စီက မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံဘက်က ကိုးကန့်တပ်ဖွဲ့ (MNDAA)ကို ဖိအားပေးကာ စစ်ကောင်စီနှင့်ဆွေးနွေးစေပြီး အပစ်ရပ်စဲရေး သဘောတူညီချက်ကို ယခု ဇန်နဝါရီလတွင် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။

ထိုသို့ အပစ်ရပ်စဲမှုအခြေအနေများနှင့်ပတ်သက်၍ ကိုးကန့်နှင့် စစ်ကောင်စီတပ်ဘက်က သဘောတူညီချက်များ ရှင်းလင်းစွာအသိပေးခြင်းမရှိသည့် အခြေအနေတွင် လားရှိုးမြို့ကို MNDAAက စစ်ကောင်စီထံ ပြန်လည်အပ်နှံမည်ဆိုသည့်သတင်းများ မကြာခဏ ထွက်ပေါ် နေခြင်းဖြစ်သည်။

လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူကမူ အသက်များဖြင့်ရင်း၍ တိုက်ခိုက်ရယူခဲ့ရသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရန်မရှိကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People's Spring ကို​ပြောပါတယ်။